UEC ရဲ့ ရပ်တည်ချက် မေးခွန်းထုတ်ဖို့ လိုနေပြီလား ?
ကိုယ်တွေမလဲ လဒပါတီကို ရေးရင်းချွတ်ရင်းနဲ့ တပ်ကသတင်းတွေကို ပိုပို ဖတ်ဖြစ်လာတာ အမှန်ပဲ။ ဘာကြောင့်လဲ ဆိုတာတော့ ရှင်းတယ်။ လဒပါတီက တပ်ကို နည်းမျိုးစုံနဲ့အပုပ်ချ၊ တိုက်ခိုက်နေတာကို မြင်ရာကနေ စတယ်။ အခုရက်ပိုင်းမှာ ပိုစိပ်လာတယ်ဆိုရမှာပေါ့။
မနေ့ညကမှ လဒပါတီပြောခွင့်ရ မုံရွာသားကြီးအပြောကို ဖတ်မိတယ်။ မဲဆန္ဒနယ်တွေပယ်ဖျက်တာ တပ်ကအာမခံချက်မပေးနိုင်လို့ ပယ်ဖျက်တာ နေမှာပေါ့ဆိုတဲ့သဘောပြောတာ။ သူသုံးတာတော့ လုံခြုံရေးတပ်ဖွဲ့ပေါ့လေ။ ဆိုလိုတာက တပ်ကပြောလို့ UEC က လုပ်ပေးလိုက်ရပါတယ်လို့ ဆိုချင်တာ။
သာမန်စာဖတ်သူ တစ်ယောက်အတွက်တော့ တပ်က UEC အထက်မှာလို့ ထင်သွားစေမဲ့အပြောအဆိုပဲ။ တကယ်ပဲ တပ်က အထက်မှာ ရှိနေသလားဆိုတာကို အသေးစိတ်မဟုတ်တောင် နည်းနည်းစာဖတ်အားရှိသူဆိုရင်သိနိုင်တာ အခုရက်ပိုင်းတင် ဖြစ်ထားတာရှိတယ်။ တပ်ချုပ်ရဲ့ မဲပေးသင့်တဲ့ကိုယ်စားလှယ်အကြောင်း ရှင်းပြထားတာကို ကန့်ကွက်ခဲ့တာက UEC။
မှားခြင်း၊ မှန်ခြင်းဆိုတာအတွက် တပ်က တစ်ချက်ကလေးမှ မငြင်းခဲ့ဘူးတဲ့။ UEC က ဖြုတ်ပေးဖို့ပြောတယ်။ တပ်က ချက်ခြင်းဖြုတ်ပေးလိုက်ပါတယ်တဲ့။ ဘယ်တုန်းကလဲ ဆိုတော့ ပြီးခဲ့တဲ့ ကာလကတည်းက ဖြစ်ခဲ့တာ။ တပ်က သိုသိုသိပ်သိပ်နဲ့ကို ဖြုတ်ပေး သွားတာမို့ ကိုယ်တွေတောင် အခုမှသိခွင့်ရခဲ့တာမဟုတ်လား။ ဒီအချက်က ဘာကို ပြသလဲဆိုတာ သဘောပေါက်မယ်ထင်ပါရဲ့။
UEC ကအထက်လား။ တပ်ကအထက်လားဆိုတာရယ်။ တပ်ကပြောသမျှ ၊ လုပ်သမျှကို UEC က ငြိမ်ခံရသူလား။ UEC က ပြောသမျှ လုပ်သမျှကို တပ်က လက်ခံ ရသူလားဆိုတာ ကွဲပြားမယ်ထင်ပါတယ်။ ဆက်စပ်ပြီးပေါ်လာတာက UEC နဲ့ NLD ကရော ဘယ်လဲ၊ ဘာလဲဆိုတာ။ UEC ကလုပ်သမျှကို NLD က ရှင်းပေးနေသလို NLD က လုပ်သမျှကို UEC က ကာပေးနေတာက ဘာသဘောလဲ။
ပါတီက အထက်မှာ ရှိနေလေ သလားလို့ မစောကြောသင့်ဘူးလား။ မမေးမြန်းသင့်ဘူးလား။ ထားပါတော့လေ။ အဖြေ ကိုပဲ ထုတ်ကြပါစို့။ တိုင်းပြည်ရဲ့အာဏာကို အပေါ်စီးကနေ ရယူထားယုံမှအပ တိုင်းပြည်အပေါ် လဒပါတီထားတဲ့စေတနာ မူးလို့တောင် ရှုစရာမရှိဘူး။
Credit: မိအေး
Post a Comment