ကျောက်ကပ်ဆေးဖို့ အခက်အခဲရှိတဲ့ ကျောင်းဆရာမလေးကို တပ်မတော်က တာဝန်ယူကုသပေးပြီ
ကျောက်ကပ်ဆေးဖို့ အခက်အခဲရှိတဲ့ ကျောင်းဆရာမလေးကို တပ်မတော်က တာဝန်ယူ ကုသပေးပြီ
အလယ်တန်းပြ ကျောင်းဆရာမလေး ဒေါ်ငြိမ်းစန္ဒာခိုင် ရဲ့ သတင်းလေးကို ဖတ်မိတုန်းက ရင်ထဲ အတော်လေးမကောင်းဖြစ်မိပါတယ်။
သားသမီး (၂) ဦးရဲ့ မိခင် ၊ ကလေးငယ်တို့ရဲ့ စာပြ ဆရာမ ဖြစ်တဲ့ ဆရာမလေးဟာ သူ့အနေနဲ့ သေဖို့ အသင့်ရှိပေမယ့်.. သားသမီး ၂ ယောက်ကို စိတ်မချလို့ မကောင်းတဲ့ ကျောက်ကပ်ကို ဆေးပြီး အသက်ဆက်နေရတဲ့ ဘဝ။
တစ်လမှာ ၈ ခါလောက်ဆေးရပြီး တစ်လ (၈) သိန်းလောက် ကုန်နေရတဲ့ ငွေကြေးနဲ့ သူတစ်လစာ ကျောင်းဆရာမ ဝင်ငွေ ၊ ပြီးတော့ မိသားစု စားဝတ်နေရေးဘယ်လိုမှ အဆင်မပြေလို့ ကူညီပေးကြဖို့ သူ့အနေနဲ့ ဆရာမ သိက္ခာကို ဘေးထားပြီး မေတ္တာရပ်ခံခဲ့ပါတယ်။
အခုတော့ ဆရာမလေးရဲ့ မိခင်မေတ္တာကြောင့် ထင်ပါတယ်။ မော်လမြိုင်က စစ်ဆေးရုံက ဆရာမလေး ရောဂါအခြေအနေအတွက် လိုအပ်တဲ့ ဆေးစစ်မှုတွေ၊ ကုသပေးမှုတွေ လုပ်ဆောင်ပေးတော့မယ်လို့ သိရပါတယ်။
အခုလိုကြားသိရလို့ ဆရာမလေးအတွက် ဝမ်းသာမိပါတယ်။
အသက်တစ်ချောင်းနဲ့ မိသားစု ဘဝတစ်ခုကို ကယ်တင်ပေးခဲ့ကြတဲ့ အတွက် သာဓု ခေါ်ပေးကြပါဦးနော်။
Post a Comment