အရေးပေါ်တားဆေးကို အတူတူမနေခင်မှာ သောက်ပေးရမှာလား⁉️
အရေးပေါ်တားဆေးကို အတူတူမနေခင်မှာ သောက်ပေးရမှာလား⁉️
အတူတူနေပြီးမှ သောက်ပေးရမှာလား ⁉️
.
အဓိကအချက်ကတော့ အရေးပေါ်တားဆေးကို အတူနေပြီးမှ သာသောက်သုံးပေးရမှာပါ။ အတူမနေခင် ကြိုမသောက်ထားရပါဘူး။ လိင်ဆက်ဆံပြီးနောက် ၂၄ နာရီအတွင်း သောက်သုံးပါက ၉၃ % ထိ ကိုယ်ဝန်မရအောင် တားဆီးနိုင်ပါတယ်.. အကယ်၍ ၇၂ နာရီအတွင်းသောက်သုံးမယ်ဆိုရင် ၈၃ % ထိရောက်မှုရှိပါတယ်.
အရေးပေါ်တားဆေးကို နည်းလမ်းမှန်ကန်စွာ သောက်သုံးမှသာလျှင် အာနိသင်ရှိမှာဖြစ်ပါတယ်။
နောက်ပြီး အရေးပေါ်တားဆေးဆိုတဲ့အတိုင်း အရေးပေါ်ချိန်မှာသာ သောက်သုံးသင့်လို့ ပုံမှန် မသုံးသင့်ပါဘူး❗️
အကာအကွယ်မဲ့လိင်ဆက်ဆံပြီး (၅) ရက်ကြာတဲ့အထိ သုံးလို့ရတယ်ဆိုပေမယ့် စောစောသောက်လေ အာနိသင် ပိုထိရောက်လေ ဖြစ်တာကြောင့်လိင်ဆက်ဆံပြီး စောနိုင်သမျှ စောစောသောက်ပေးသင့်ပါတယ်။
.
အရေးပေါ်တားဆေးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တာကြောင့် မမျှော်လင့်ပဲ အတူနေမိလို့ပဲဖြစ်ဖြစ်၊ ကွန်ဒုံးပေါက်ပြဲတဲ့ အချိန် မျိုးမှာပဲဖြစ်ဖြစ် အရေးပေါ် မမျှော်လင့်ထားတဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်မှာပါ။
.
ကဲ ဒီအချက်လေးတွေက လေဒီတို့အနေနဲ့ အရေးပေါ်တားဆေးနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။
.
လေဒီတို့အနေနဲ့ ကိုယ်ချစ်ရတဲ့သူတွေကို အရေးပေါ်တားဆေးနဲ့ပတ်သက်တဲ့ ကျန်းမာရေး ဗဟုသုတလေးတွေ ဝေမျှပြီး ကူညီပေးလိုက်ကြရအောင်ပါနော်။
Credit: Lydia
Post a Comment