Header Ads




မူလလက်ရင်း Myanmar Daily Star ၏ စာမျက်နှာဖြစ်ပါသည်။

ကျောက်မဲမြို့နယ်၊ တံခွန်တိုင်ကျေးရွာအနီး RCSS/ SSA အဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွား

ေက်ာက္မဲၿမိဳ႕နယ္၊ တံခြန္တုိင္ေက်းရြာအနီး RCSS/ SSA အဖြဲ႕ႏွင့္ ထိေတြ႕မႈျဖစ္ပြား ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁၉
ရွမ္းျပည္နယ္(ေျမာက္ပုိင္း)၊ ေက်ာက္မဲၿမိဳ႕ရွိ ဆုိင္တစ္ဆုိင္သို႔ RCSS/ SSA အဖြဲ႕က ရွမ္းဘာသာျဖင့္ ေရးသားထားေသာ တစ္ႏွစ္စာအတြက္ ဆက္ေၾကးေငြက်ပ္ သိန္း ၁ဝဝ ေပးေဆာင္ရန္ ေတာင္းခံထားသည့္စာအား ေဖေဖာ္ဝါရီ ၁၈ ရက္တြင္ ေပးပုိ႔လာေၾကာင္း သိရွိရသည္။ ထုိသု႔ိသိရွိရျခင္းေၾကာင့္ တပ္မေတာ္စစ္ေၾကာင္းက ယေန႔နံနက္ပုိင္းတြင္ ေက်ာက္မဲၿမိဳ႕နယ္ႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားအတြင္း လံုၿခံဳေရးေဆာင္ရြက္စဥ္ တံခြန္တုိင္ေက်းရြာ အနီးသို႔အေရာက္၌ အရပ္ဝတ္မ်ား ဝတ္ဆင္ထားေသာ RCSS/ SSA အဖြဲ႕မွ အင္အား ငါးဦးခန္႔က လက္နက္ငယ္မ်ားျဖင့္ စတင္ ပစ္ခတ္ခဲ့သျဖင့္ အျပန္အလွန္ ထိေတြ႕မႈ ျဖစ္ပြားခဲ့သည္။
ျဖစ္စဥ္တြင္ RCSS/ SSA အဖြဲ႕မွ အရပ္ဝတ္အေလာင္းႏွစ္ေလာင္း၊ လက္နက္ငယ္ တစ္လက္ႏွင့္ ဆက္စပ္ခဲယမ္း ပစၥည္းမ်ား သိမ္းဆည္းရမိသည္။ ျဖစ္စဥ္ႏွင့္ပတ္သက္၍ တံခြန္တိုင္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ရပ္မိ၊ရပ္ဖမ်ားအား ေမးျမန္းခ်က္အရ ၎တုိ႔သည္ ေက်းရြာတြင္ ေနထုိင္သည့္ ရြာသားမ်ားမဟုတ္ေၾကာင္း၊ ျမင္ေတြ႕ဖူးျခင္းမရွိေၾကာင္းသိရွိရၿပီး တပ္မေတာ္စစ္ေၾကာင္းမ်ားက နယ္ေျမလံုၿခံဳေရးလုပ္ငန္းမ်ားဆက္လက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္း ရရွိသည္။

 (Unicode Version)

ကျောက်မဲမြို့နယ်၊ တံခွန်တိုင်ကျေးရွာအနီး RCSS/ SSA အဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွား နေပြည်တော် ဖေဖော်ဝါရီ ၁၉ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ ဆိုင်တစ်ဆိုင်သို့ RCSS/ SSA အဖွဲ့က ရှမ်းဘာသာဖြင့် ရေးသားထားသော တစ်နှစ်စာအတွက် ဆက်ကြေးငွေကျပ် သိန်း ၁ဝဝ ပေးဆောင်ရန် တောင်းခံထားသည့်စာအား ဖေဖော်ဝါရီ ၁၈ ရက်တွင် ပေးပို့လာကြောင်း သိရှိရသည်။
ထိုသု့ိသိရှိရခြင်းကြောင့် တပ်မတော်စစ်ကြောင်းက ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာများအတွင်း လုံခြုံရေးဆောင်ရွက်စဉ် တံခွန်တိုင်ကျေးရွာ အနီးသို့အရောက်၌ အရပ်ဝတ်များ ဝတ်ဆင်ထားသော RCSS/ SSA အဖွဲ့မှ အင်အား ငါးဦးခန့်က လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန် ထိတွေ့မှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်တွင် RCSS/ SSA အဖွဲ့မှ အရပ်ဝတ်အလောင်းနှစ်လောင်း၊ လက်နက်ငယ် တစ်လက်နှင့် ဆက်စပ်ခဲယမ်း ပစ္စည်းများ သိမ်းဆည်းရမိသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ တံခွန်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ရပ်ဖများအား မေးမြန်းချက်အရ ၎င်းတို့သည် ကျေးရွာတွင် နေထိုင်သည့် ရွာသားများမဟုတ်ကြောင်း၊ မြင်တွေ့ဖူးခြင်းမရှိကြောင်းသိရှိရပြီး တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

No comments

ေ၀ဖန္အႀကံျပဳခ်က္မ်ားနဲ႔ လူႀကီးမင္းတို႔ရဲ႕ ထင္ျမင္ခ်က္မ်ားအတြက္ ေက်းဇူးတင္ပါသည္။