ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းနယ္ေျမလုံၿခဳံေရးေဆာင္ရြက္ေနေသာ တပ္မေတာ္စစ္ေၾကာင္းမ်ား ႏွင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ ထိေတြ႕မႈျဖစ္ပြား
ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းနယ္ေျမလုံၿခဳံေရးေဆာင္ရြက္ေနေသာ တပ္မေတာ္စစ္ေၾကာင္းမ်ား ႏွင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ ထိေတြ႕မႈျဖစ္ပြား
ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ - ၁၉
ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕၊ ေပါင္းတုတ္ေက်းရြာအနီးတြင္ ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီ ၁ ရက္၌ ရခိုင္ျပည္ နယ္၀န္ႀကီးခ်ဳပ္၏ ယာဥ္တန္းအား မိုင္းဆြဲခံရေသာ ေနရာ၏ ေျမာက္ဘက္ ၃၁ ကီလုိမီတာႏွင့္ အရပ္ယာဥ္ ၁ စီး အား ေဖေဖာ္၀ါရီ ၁၇ ရက္တြင္ မုိင္းဆြဲျခင္းခံရေသာေနရာ၏အေရွ႕ေျမာက္ဘက္ ၆ ကီလုိမီတာခန္႔ရွိ ေတာင္ကုန္းမ်ားတြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မွ အင္အား ၁၀၀ ဦးခန္႔သည္ ေလ့က်င့္ေရး စခန္း ဖြင့္လွစ္ရန္ႏွင့္ စည္း႐ံုးေရးနယ္ေျမတည္ေဆာက္ရန္ေရာက္ရွိေနေၾကာင္း AA အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႕မ်ားကို မလုိလားသူျပည္သူမ်ား၏သတင္းေပးပုိ႔မႈအားရရွိခဲ့ၿပီး ၄င္းအၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕သည္ အမ်ားျပည္သူအသံုးျပဳလ်က္ရွိေသာ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားကို ေႏွာင့္ယွက္ဖ်က္ဆီးမႈမ်ား ေဆာင္ရြက္ လာေသာေၾကာင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားသည္ ေက်ာက္ေတာ္ၿမိဳ႕ႏွင့္ ေျမာက္ဦးၿမိဳ႕နယ္အတြင္း နယ္ေျမ လုံၿခဳံေရးလုပ္ငန္းမ်ားေဆာင္ရြက္ခဲ့သည္။
ထို႔သုိ႔ေဆာင္ရြက္ခဲ့ရာ ယေန႔ေန႔လည္ပုိင္းတြင္ ေက်ာက္ေတာ္ၿမိဳ႕၏ အေရွ႕ဘက္ ၁၅ ကီလိုမီတာခန္႕ အကြာသုိ႕အေရာက္၌ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မွ အင္အား ၁၀၀ ဦးခန္႕ႏွင့္ထိေတြ႕မႈ ၂ ႀကိမ္ျဖစ္ ပြားခဲ့ၿပီး အၾကမ္းဖက္ေသာင္းက်န္းသူမ်ားသည္ ေတာင္ဘက္သုိ႕ဆုတ္ခြာသြားခဲ့သျဖင့္ တပ္မေတာ္ စစ္ေၾကာင္း မ်ားကအေသးစိတ္ လုိက္လံရွင္းလင္းလ်က္ရွိသည္။
ျဖစ္စဥ္မ်ားတြင္ မိမိဘက္မွ စစ္သည္အခ်ဳိ႕ထိခုိက္ဒဏ္ရာရရွိခဲ့ၿပီး AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕ထံမွ အေလာင္း ၉ ေလာင္း၊ အာရ္ပီဂ်ီ ၁ လက္ သိမ္းဆည္းရရွိခဲ့ေၾကာင္းႏွင့္ ရခုိင္ျပည္နယ္အတြင္း တရားဥပေဒ စုိးမုိးေရး၊ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးအတြက္ တပ္မေတာ္စစ္ေၾကာင္းမ်ားက ေသာင္းက်န္းသူႏွိမ္ႏွင္းေရး စစ္ဆင္ေရးအား ဆက္လက္ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
(Unicode Version)
ကျောက်တော်မြို့နယ်အတွင်းနယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများ နှင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ထိတွေ့မှုဖြစ်ပွား
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ပေါင်းတုတ်ကျေးရွာအနီးတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်၌ ရခိုင်ပြည် နယ်ဝန်ကြီးချုပ်၏ ယာဉ်တန်းအား မိုင်းဆွဲခံရသော နေရာ၏ မြောက်ဘက် ၃၁ ကီလိုမီတာနှင့် အရပ်ယာဉ် ၁ စီး အား ဖေဖော်ဝါရီ ၁၇ ရက်တွင် မိုင်းဆွဲခြင်းခံရသောနေရာ၏အရှေ့မြောက်ဘက် ၆ ကီလိုမီတာခန့်ရှိ တောင်ကုန်းများတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အင်အား ၁၀၀ ဦးခန့်သည် လေ့ကျင့်ရေး စခန်း ဖွင့်လှစ်ရန်နှင့် စည်းရုံးရေးနယ်မြေတည်ဆောက်ရန်ရောက်ရှိနေကြောင်း AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များကို မလိုလားသူပြည်သူများ၏သတင်းပေးပို့မှုအားရရှိခဲ့ပြီး ၎င်းအကြမ်းဖက် သောင်းကျန်းသူအဖွဲ့သည် အများပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို နှောင့်ယှက်ဖျက်ဆီးမှုများ ဆောင်ရွက် လာသောကြောင့် တပ်မတော်စစ်ကြောင်းများသည် ကျောက်တော်မြို့နှင့် မြောက်ဦးမြို့နယ်အတွင်း နယ်မြေ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ခဲ့ရာ ယနေ့နေ့လည်ပိုင်းတွင် ကျောက်တော်မြို့၏ အရှေ့ဘက် ၁၅ ကီလိုမီတာခန့် အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အင်အား ၁၀၀ ဦးခန့်နှင့်ထိတွေ့မှု ၂ ကြိမ်ဖြစ် ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် တောင်ဘက်သို့ဆုတ်ခွာသွားခဲ့သဖြင့် တပ်မတော် စစ်ကြောင်း များကအသေးစိတ် လိုက်လံရှင်းလင်းလျက်ရှိသည်။
ဖြစ်စဉ်များတွင် မိမိဘက်မှ စစ်သည်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ထံမှ အလောင်း ၉ လောင်း၊ အာရ်ပီဂျီ ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်စစ်ကြောင်းများက သောင်းကျန်းသူနှိမ်နှင်းရေး စစ်ဆင်ရေးအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Post a Comment