မချီးကျူးရင်နေပါ... မကဲ့ရဲ့ပါနဲ့
မကူညီချင်နေပါ.. မနှောင့်ယှက်ပါနဲ့...
မချီးကျူးရင်နေပါ.. မကဲ့ရဲ့ပါနဲ့ဆိုတဲ့ ရှေးလူကြီးစကားက
အလကားပြောခဲ့တာ မဟုတ်ဖူးဆိုတာ နားလည်ပြီ...
DASSK ရဲ့ ရှမ်းပြည်ခရီးစဉ်မှာ တပ်မတော်လေယာဉ် ဆီယို့စိမ့်မှုဖြစ်လို့
အရံပါလာတဲ့ တစ်စီးနဲ့ပြောင်းစီးခဲ့ရတဲ့ ဖြစ်စဉ်မှာ.
အတိုင်ပင်ခံကတောင် လေယာဉ်မှူးကို ချီးကျူးစကား
ကျေးဇူးတင်စကား ပြောနေပေမယ့်... ပညာမတတ်တဲ့
နောက်လိုက်တွေကတော့ အဆိုးမြင်ဝါဒနဲ့
လုပ်ကြံမယ်ဆိုတဲ့ စကားနဲ့အပုတ်ချနေကြတာ ရှက်စရာကောင်းတယ်....
.
တစ်ကယ်သာ လုပ်ကြံချင်တယ်ဆိုရင် အဲဒီလေယာဉ်မှူးက သိသိနဲ့
ဒီတိုင်းဆက်မောင်းလိုက်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲ စဉ်းစား...
အစွန်းရောက်တယ်ဆိုတာ ဘယ်အရာမှ မကောင်းဘူး....
ဒေါ်စုကို ထောက်ခံလို့ ကျန်တဲ့အဖွဲ့မှန်သမျှ လိုက်ပြီး
အဆိုးမြင်နေတာတွေဟာ ခင်ဗျားတို့ခေါင်းထဲမှာ
စစ်တပ်မုန်းတီးရေးဆိုတဲ့ ၀ါဒမှိုင်းတွေ ရိုက်သွင်းခံထားရလို့ပဲ...
.
နီပေါတွေပြောနေတဲ့အတိုင်း အလှူခံကောက်ပြီး
ဒေါ်စုအတွက် ကိုယ်ပိုင်ရဟတ်ယာဉ်ဝယ်ပေးမယ်ဆိုတဲ့
အစီအစဉ်ကို ထောက်ခံပါတယ် :D
လေယာဉ်မောင်းတဲ့လူကိုလည်း နီပေါ ပါတီကလူငယ်ကိုပဲ
မောင်းခိုင်းလိုက်တာ အကောင်းဆုံးပါ...
ဒါဆိုရင် ကိုယ်ပိုင်လေယာဉ်နဲ့ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာကို
သွားလို့ရပြီ....
.
ကြာတော့လည်း ဒေါ်စုကို သနားမိတယ်...
ရှေ့ကနေ ဦးဆောင် အပင်ပန်းခံပြီး နိုင်ငံအနှံ့တစ်ယောက်တည်း
ခရီးသွားပြီး ပတ်ပြေးနေရတယ်...
သမ္မတတောင် သူ့လောက်ခရီးမသွားရဘူး...
ဒါပေမယ့် ခေါင်းဆောင်က အလုပ်လုပ်နေပေမယ့်
နောက်လိုက်ဖြစ်တဲ့ ၀န်ကြီးတွေ အဖွဲ့ဝင်တွေရဲ့
ချစားမှုတွေနဲ့ ထောက်ခံသူ နီပေါတွေရဲ့ခပ်ပိန်းပိန်း
လုပ်ရပ်တွေကြောင့် တဖြည်းဖြည်း လူအမြင်ကပ်လာတယ်..
ဒေါ်စုနဲ့ နီပေါတွေရဲ့အဖြစ်က မြင်းထိန်းငတာနဲ့ ၀န်မင်းလိုဖြစ်နေပြီ
.
အစပိုင်းမှာ ပြောခဲ့သလိုပါပဲ....
မချီးကျူးရင်နေပါ... မကဲ့ရဲ့ပါနဲ့ ဆိုပြီးပြောခဲ့သလိုပဲ...
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကင်းအောင်
မောင်းပေးခဲ့တဲ့ လေယာဉ်မှူးကို မချီးကျူးရင်နေပါ...
မဆီမဆိုင် မျက်မှန်စိမ်းတပ်ပြီး.... အဆိုးမြင်နေတဲ့
သောက်ကျင့်လေးတွေကိုတော့ ပြင်ပါလို့ ပြောပါရစေ......
Post a Comment