႐ုရွားႏုိင္ငံ အေျခစုိက္ VK လူမႈကြန္ရက္တြင္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ (Senior General Min Aung Hlaing) အပါအ၀င္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးႏွင့္ ျမ၀တီသတင္းဌာန၏ page မ်ား ဖြင့္လွစ္ထားေၾကာင္း သတင္းရရွိသည္။
႐ုရွားႏုိင္ငံ အေျခစုိက္ VK လူမႈကြန္ရက္တြင္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ (Senior General Min Aung Hlaing) အပါအ၀င္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးႏွင့္ ျမ၀တီသတင္းဌာန၏ page မ်ား ဖြင့္လွစ္ထားေၾကာင္း သတင္းရရွိသည္။
အဆုိပါ VK လူမႈကြန္ရက္တြင္ Senior General Min Aung Hlaing Page အား ၾသဂုတ္ ၂၈ ရက္က စတင္ ဖြင့္လွစ္ခဲ့သည္ကုိ ေတြ႕ရၿပီး ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၏ ႐ုရွားခရီးစဥ္မ်ားကို ထုတ္ျပန္ထားသည္ကို ေတြ႕ရၿပီး ၾသဂုတ္ ၂၉ ရက္ နံနက္ပုိင္းက ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူႏွင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္တုိ႔ ဆြာၿမိဳ႕ရွိ ဆြာေခ်ာင္း ေရေလွာင္တမံ က်ဳိးေပါက္မႈ အေျခအေနမ်ားကို သြားေရာက္ ၾကည့္႐ႈ စစ္ေဆးေနသည့္ သတင္းႏွင့္ ဓာတ္ပုံမ်ားကုိ ယင္း Page တြင္ ထုတ္ျပန္ထားသည္ကုိ ေတြ႕ရသည္။
လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈမ်ားအတြက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ အျခား ထိပ္တန္း ဗုိလ္ခ်ဳပ္မ်ား၏ အေကာင့္မ်ားကုိ Facebook က ၾသဂုတ္ ၂၇ ရက္တြင္ ဖယ္ရွားခဲ့ၿပီးေနာက္ ယခုကဲ့သုိ႔ VK လူမႈကြန္ရက္တြင္ တပ္မေတာ္ႏွင့္ ပတ္သက္သည့္ Page မ်ား ဖြင့္လွစ္လာျခင္းလည္း ျဖစ္သည္။
Facebook ၏ ထုတ္ျပန္ခ်က္တြင္ စုစုေပါင္း Facebook အေကာင့္ ၁၈ ခု၊ Instagram အေကာင့္ တစ္ခုႏွင့္ Follower ၁၂ သန္းနီးပါး ရွိေသာ Facebook စာမ်က္ႏွာ ၅၂ ခုအား ဖယ္ရွားလုိက္ေၾကာင္းႏွင့္ ယင္းအေကာင့္မ်ားႏွင့္ စာမ်က္ႏွာမ်ားမွ အခ်က္အလက္မ်ားကုိမူ ထိန္းသိမ္းထားေၾကာင္း ေဖာ္ျပခဲ့သည္။
တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ျမန္မာ့ တပ္မေတာ္၏ ျမ၀တီ ႐ုပ္ျမင္သံၾကားကြန္ရက္ အပါအ၀င္ ျမန္မာႏုိင္ငံမွ လူပုဂၢိဳလ္ႏွင့္ အဖြဲ႕အစည္း ၂၀ တုိ႔အား ပိတ္ပင္လုိက္သည္ဟု Facebook က ေျပာၾကားသည္။
ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီက အာဏာ အပ္ႏွင္းထားေသာ ျမန္မာႏုိင္ငံႏွင့္ ပတ္သက္သည့္ အခ်က္အလက္ ရွာေဖြေရးမစ္ရွင္က ၾသဂုတ္ ၂၇ ရက္၌ပင္ ထုတ္ျပန္ခဲ့ေသာ အစီရင္ခံစာ တစ္ရပ္တြင္ ယင္းပုဂၢိဳလ္မ်ားႏွင့္ အဖြဲ႕အစည္းမ်ားသည္ ျမန္မာႏုိင္ငံတြင္ ျပင္းထန္သည့္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈမ်ားကုိ က်ဴးလြန္ခဲ့ သုိ႔မဟုတ္ ေထာက္ကူခဲ့ေၾကာင္း အေထာက္အထားမ်ား ေတြ႕ရွိရသည္ဟု ေျပာၾကားထားသည္။
Facebook တြင္ ခ်ိတ္ဆက္ထားသည့္ အစစ္အမွန္ မဟုတ္ေသာ အျပဳအမူ၌ ပါ၀င္ေနသည့္ စာမ်က္ႏွာ ၄၆ ခုႏွင့္ အေကာင့္ ၁၂ ခုကုိလည္း ဖယ္ရွားခဲ့ေၾကာင္း Facebook က ေျပာၾကားသည္။
မၾကာေသးမီက စုံစမ္းစစ္ေဆးမႈ တစ္ရပ္အတြင္း ၎တုိ႔သည္ ျမန္မာတပ္မေတာ္၏ မက္ေဆ့ခ်္မ်ားကုိ တိတ္တိတ္ပုန္း တြန္းအားေပးသည့္ လြတ္လပ္ေသာ သတင္းစာမ်က္ႏွာမ်ားႏွင့္ ထင္ျမင္ခ်က္ စာမ်က္ႏွာမ်ားအား အသုံးျပဳေနေၾကာင္း ေတြ႕ရွိခဲ့ရသည္ဟုလည္း Facebook က ေျပာၾကားခဲ့သည္။ Facebook သည္ လူမ်ားအား ၎တုိ႔ ျပဳလုပ္သည့္ အဆက္အသြယ္မ်ားကုိ ယုံၾကည္မႈရွိႏုိင္ေစရန္ လုိလားေသာေၾကာင့္ ယင္းအျပဳအမူမ်ဳိးကုိ Facebook ၌ ပိတ္ပင္ထားသည္ဟု ဆုိသည္။
ယခုႏွစ္အတြင္း အေစာပုိင္းက ဖြဲ႕စည္းခဲ့ေသာ လြတ္လပ္သည့္ လူ႔အခြင့္အေရးဆုိင္ရာ ႐ုိက္ခတ္မႈအား ေလ့လာသုံးသပ္မႈမွ တစ္ဆင့္ အပါအ၀င္ Facebook သည္ ျမန္မာႏုိင္ငံ ၌ Facebook ႏွင့္ပတ္သက္၍ တလြဲအသုံးျပဳမႈမ်ားကုိ ကာကြယ္ရန္ ဆက္လက္ လုပ္ေဆာင္သြားမည္ဟုလည္း Facebook က ေျပာၾကားခဲ့သည္။
Unicode
ရုရှားနိုင်ငံ အခြေစိုက် VK လူမှုကွန်ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (Senior General Min Aung Hlaing) အပါအဝင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် မြဝတီသတင်းဌာန၏ page များ ဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။
အဆိုပါ VK လူမှုကွန်ရက်တွင် Senior General Min Aung Hlaing Page အား သြဂုတ် ၂၈ ရက်က စတင် ဖွင့်လှစ်ခဲ့သည်ကို တွေ့ရပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်များကို ထုတ်ပြန်ထားသည်ကို တွေ့ရပြီး သြဂုတ် ၂၉ ရက် နံနက်ပိုင်းက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဆွာမြို့ရှိ ဆွာချောင်း ရေလှောင်တမံ ကျိုးပေါက်မှု အခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးနေသည့် သတင်းနှင့် ဓာတ်ပုံများကို ယင်း Page တွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြား ထိပ်တန်း ဗိုလ်ချုပ်များ၏ အကောင့်များကို Facebook က သြဂုတ် ၂၇ ရက်တွင် ဖယ်ရှားခဲ့ပြီးနောက် ယခုကဲ့သို့ VK လူမှုကွန်ရက်တွင် တပ်မတော်နှင့် ပတ်သက်သည့် Page များ ဖွင့်လှစ်လာခြင်းလည်း ဖြစ်သည်။
Facebook ၏ ထုတ်ပြန်ချက်တွင် စုစုပေါင်း Facebook အကောင့် ၁၈ ခု၊ Instagram အကောင့် တစ်ခုနှင့် Follower ၁၂ သန်းနီးပါး ရှိသော Facebook စာမျက်နှာ ၅၂ ခုအား ဖယ်ရှားလိုက်ကြောင်းနှင့် ယင်းအကောင့်များနှင့် စာမျက်နှာများမှ အချက်အလက်များကိုမူ ထိန်းသိမ်းထားကြောင်း ဖော်ပြခဲ့သည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာ့ တပ်မတော်၏ မြဝတီ ရုပ်မြင်သံကြားကွန်ရက် အပါအဝင် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂၀ တို့အား ပိတ်ပင်လိုက်သည်ဟု Facebook က ပြောကြားသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အာဏာ အပ်နှင်းထားသော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အချက်အလက် ရှာဖွေရေးမစ်ရှင်က သြဂုတ် ၂၇ ရက်၌ပင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်ရပ်တွင် ယင်းပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် ပြင်းထန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့ သို့မဟုတ် ထောက်ကူခဲ့ကြောင်း အထောက်အထားများ တွေ့ရှိရသည်ဟု ပြောကြားထားသည်။
Facebook တွင် ချိတ်ဆက်ထားသည့် အစစ်အမှန် မဟုတ်သော အပြုအမူ၌ ပါ၀င်နေသည့် စာမျက်နှာ ၄၆ ခုနှင့် အကောင့် ၁၂ ခုကိုလည်း ဖယ်ရှားခဲ့ကြောင်း Facebook က ပြောကြားသည်။
မကြာသေးမီက စုံစမ်းစစ်ဆေးမှု တစ်ရပ်အတွင်း ၎င်းတို့သည် မြန်မာတပ်မတော်၏ မက်ဆေ့ချ်များကို တိတ်တိတ်ပုန်း တွန်းအားပေးသည့် လွတ်လပ်သော သတင်းစာမျက်နှာများနှင့် ထင်မြင်ချက် စာမျက်နှာများအား အသုံးပြုနေကြောင်း တွေ့ရှိခဲ့ရသည်ဟုလည်း Facebook က ပြောကြားခဲ့သည်။ Facebook သည် လူများအား ၎င်းတို့ ပြုလုပ်သည့် အဆက်အသွယ်များကို ယုံကြည်မှုရှိနိုင်စေရန် လိုလားသောကြောင့် ယင်းအပြုအမူမျိုးကို Facebook ၌ ပိတ်ပင်ထားသည်ဟု ဆိုသည်။
ယခုနှစ်အတွင်း အစောပိုင်းက ဖွဲ့စည်းခဲ့သော လွတ်လပ်သည့် လူ့အခွင့်အရေးဆိုင်ရာ ရိုက်ခတ်မှုအား လေ့လာသုံးသပ်မှုမှ တစ်ဆင့် အပါအဝင် Facebook သည် မြန်မာနိုင်ငံ ၌ Facebook နှင့်ပတ်သက်၍ တလွဲအသုံးပြုမှုများကို ကာကွယ်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း Facebook က ပြောကြားခဲ့သည်။
Post a Comment