Header Ads




မူလလက်ရင်း Myanmar Daily Star ၏ စာမျက်နှာဖြစ်ပါသည်။

"ကယားပြည်နယ် ဝန်ကြီးချုပ်ကို တာဝန်ဆက်လက်ထမ်း​ဆောင်ရန် မသင့်​ကြောင်း ပြည်နယ်လွှတ်​တော် ဆုံးဖြတ်" ဒီချုပ်အစိုးရလက်ထက်တွင် ပထမဆုံးဖြုတ်ချခံရသည့် ဝန်ကြီးချုပ်ဖြစ်လာ

"ကယားပြည်နယ် ဝန်ကြီးချုပ်ကို တာဝန်ဆက်လက်ထမ်း​ဆောင်ရန် မသင့်​ကြောင်း ပြည်နယ်လွှတ်​တော် ဆုံးဖြတ်" ဒီချုပ်အစိုးရလက်ထက်တွင် ပထမဆုံးဖြုတ်ချခံရသည့် ဝန်ကြီးချုပ်ဖြစ်လာ စိုင်းကိုကိုထွန်း ထားဝယ်- ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ဖြုတ်ချကြောင်း ပြည်နယ် လွှတ်တော်က ဆုံးဖြတ်လိုက်သည်။ ယနေ့(စက်တင်ဘာ၁ရက်)တွင်ကျင်းပသည့် ကယားပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ကြောင်း လွှတ်တော်အမတ်စုစုပေါင်း ၂၀ဦးအနက် ၁၆ဦးက ထောက်ခံမဲပေး၍ လေးဦးကသာ ကန့်ကွက်မဲပေးခဲ့သည်။ ထို့ကြောင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ဒီချုပ်အစိုးရလက်ထက်၌ ပြည်နယ် လွှတ်တော်က စွပ်စွဲအပြစ်တင်၍ ဖြုတ်ချခံရသည့် ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ကယားပြည်နယ်လွှတ်တော်ရှိ လွှတ်တော်အမတ်စုစုပေါင်း ၂၀ဦးတွင် ဒီချုပ်အမတ် ၉ဦး၊ တစ်သီးပုဂ္ဂလတစ်ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ငါးဦး၊ ပြည်ခိုင်ဖြိုးအမတ် လေးဦးနှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီဝင် အမတ်တစ်ဦးတို့ဖြစ်သည်။ အခြေခံဥပဒေ အခန်း ၅၊ ပုဒ်မ ၂၆၃၊ ပုဒ်မခွဲ င၊ ပုဒ်မခွဲငယ် ၁တွင် တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်၏ စွပ်စွဲအပြစ်တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို တင်ပြလာလျှင် လွှတ်တော်ဥက္ကဋ္ဌသည် သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်ဟု ဖော်ပြထားသည်။ ထို့နောက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေ အနည်းဆုံးသုံးပုံနှစ်ပုံက စွပ်စွဲအပြစ်တင်မှု သည် မှန်ကန်၍ စွပ်စွဲခံရသူသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် ဥက္ကဋ္ဌသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရဟုမည်ဟု ပြဌာန်းထားသည်။ ပုဒ်မခွဲ င၊ ပုဒ်မခွဲငယ် ၂တွင် နိုင်ငံတော်သမ္မတသည် တင်ပြချက်ရရှိလျှင် စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှရပ်စဲရမည်ဟု ဖော်ပြထားသည်။ အထက်ပါ ပြဌာန်းချက်များအရ သမ္မတထံ ကယားပြည်နယ်လွှတ်‌တော် ဥက္ကဋ္ဌက ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ဝန်ကြီးချုပ်ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း လွှတ်တော်၏ ဆုံးဖြတ်ချက်ကို အစီရင်ခံတင်ပြရမည်ဖြစ်သည်။ ထို့နောက် သမ္မတက စွပ်စွဲအပြစ်တင်ခံရသည့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ဝန်ကြီးချုပ်ရာထူးမှ ရပ်စဲရမည်ဖြစ်သည်။

No comments

ဝေဖန်အကြံပြုချက်များနဲ့ လူကြီးမင်းတို့ရဲ့ ထင်မြင်ချက်များအတွက် ကျေးဇူးတင်ပါသည်။