အောက်တန်းကျကျ အတုလုပ်ပြီး အချိန်ကိုက် တိုက်ခိုက်တဲ့ သာဒင် သိစေဖို့
Unicode Version
COVID ဆိုတဲ့ရောဂါကပ်ဆိုးကြီးအောက်မှာ သိပ်မကြာခင် ရွေးကောက်ပွဲဆိုတာကြီး ကို ကျင်းပတော့မတဲ့။ ကပ်ရောဂါကို အကျိုးရှိစွာ အသုံးချနေသူတွေရှိသလို ကပ်ရောဂါကြောင့် ရွေးကောက်ပွဲကို ဆုတ်ပေးဖို့ တောင်းဆိုသူတွေလဲ မနည်းဘူး ပေါ့ခင်ဗျာ။ ဘက်နှစ်ဘက်ရဲ့လွန်ဆွဲပွဲမှာ ကျွန်တော်တို့ ပြည်သူတွေကတော့ ထားရာနေ၊ စေရာသွား အနေနဲ့ ပါဝင်ရုံပေါ့။ မဲဆွယ်ပွဲတွေကလည်း ခြိမ့်ခြိမ့်သဲပါပဲ။ သင်္ကြန်ကိုမကဲရ သူတွေဆိုတော့ မဲဆွယ်တာကို သင်္ကြန်လိုနွှဲကြတာမှ တပျော်တပါး ကြီးဆိုသလို နွှဲကြတာလား။
အဲ .. အခုနောက်ပိုင်းတော့ မဲဆွယ်တာအပြင် ထွင်လုံးတွေနဲ့ ညစ်လုံးတွေသုံးပြီး တိုက်ခိုက်တာတွေပါ ပါလာသဗျ။ ဘယ်ပါတီက လူတွေလုပ်သလဲဆိုရင် ပါတီ ၁၀၀ ဝန်းကျင်မှာ တစ်ခုတည်းသော ပါတီဝင်တွေ၊ ပါတီဝန်းရံသူတွေက လုပ်ကြတာ။ သူတို့ခင်ဗျာလည်း ကျန်တဲ့ပါတီမှန်သမျှကို ရန်သူလို့ မြင်ရုံသာမက ရဟန်းသံဃာတွေ တပ်မတော်ကလူတွေ အမျိုး၊ဘာသာ၊ သာသနာရေး လုပ်ရှားသူတွေကိုပါ ပတ်ပြီးတိုက်ခိုက်နေရရှာတာ အတော်သနား စရာပဲ။ အခုရက် ပိုင်းလေးမှာတင် ကြံ့ခိုင်ရေးပါတီနဲ့ ပြဿနာတွေတက်ခဲ့သလို တပ်မတော်ကပဲ လုပ်နေသယောင်နဲ့ အဖျက်အမှောင့်တွေလုပ်လာတာ စိပ်လာသဗျ။
အခုလည်း မင်းဒင်ဆိုသူက တပ်ကပဲ ကြံ့ခိုင်ရေးပါတီကို မဲဆွယ်ပေးနေသယောင်၊ အောင်နိုင်ရေးအတွက် လုပ်ပေးနေသယောင် ရေးလာတာတွေ့မိပါရဲ့။ သူတို့ပါတီ ထောက်ခံသူတွေရဲ့ ဦးနှောက်ကို ထိန်းချုပ်နိုင်ဖို့ ညွှန်ကြားချက် စာတစ်စောင်နဲ့ ဖွဲ့စည်းတာဝန်ပေးအပ်မှုဆိုတဲ့ စာတစ်စောင်ပါ တွဲတင်ပေးလိုက်သေးတာ။ သူတို့ အသိုင်းအဝိုင်းမှာတော့ ဟိုအတန်း ရဲဝင်ဖမ်းသလို ရှိသွားတာပေါ့လေ။ ကိုယ်တွေလို စစ်မှုထမ်း (ငြိမ်း)တစ်ယောက်အနေနဲ့ ရယ်စရာပဲ။ ပထမတော့ ရယ်ပြီးကြည့်နေရုံ နေလိုက်မယ် ကြံမိသေးပါရဲ့။ သို့ပေသိ အမှားကိုမြင်ပါလျက်နဲ့ အမှန်ကို မပြောရင် တာဝန်မကင်းဘူးလို့ ယူဆပြီး ထပ်ရေးလိုက်ပါသဗျာ။
မင်းဒင်ရဲ့ စာအရတော့ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်က ထွက်တဲ့စာဆိုပြီး ပုံတွဲတင်ထားလေရဲ့။ လုံခြုံရေးအဆင့်က ထိပ်တန်းလျှို့ဝှက်။ အဲဒီအဆင့်ဆိုတာနဲ့ စာအိတ် တောင် ၂ထပ် ပိတ်ရတယ်။ ပိတ်တဲ့စနစ်က ချိတ်ပိတ်။ စာအိပ်ဖောက်ရင်တောင် ဦးစီး အရာရှိအဆင့်ပဲဖောက်ရတာ။ မှတ်ပုံတင်တာလဲ ဦးစီးအရာရှိ ကိုယ်တိုင်ပဲလုပ်ရ တယ်။ ကိုယ်တွေလို ရုံးအုပ်အဆင့်က စာလာတာကို ဝင်စာမှတ်ပုံတင်၊ စာပေး ဒီအဆင့်ပဲ လုပ်ရတာ။ ဖတ်ဖို့မပြောနဲ့။ ဖောက်တောင်ဖောက်ခွင့်မရှိ။ မင်းဒင်ခင်မျာ မယ် လူတွေအများကြီးသိကုန်ပြီ။
အောက်ခြေစစ်သည်တွေပါ သိတယ်လို့ ပုံဖော်ချင် တော့ စာရဲ့အောက်ဆုံးမှာ တာဝန်ကျစာရေးတို့ ရုံးအုပ်တို့ကိုပါ ထည့်ပြီးရိုက်ထားရ ရှာတယ်။ ဒါကတစ်ချက်ပေါ့လေ ။ စာကိုဖောက်ဖတ်ပြီးရင်တော့ အောက်ကရုံးအဖွဲ့ တွေကို ပြန်ချပေးတယ်လို့ ထင်နေရင်လည်း မှားသေးသဗျို့။ ဦးစီးအရာရှိကပဲ စာကိုသိမ်းတယ်။ မီးခံသေတ္တာထဲမှာ ဒါမှမဟုတ်ရင် လုံခြုံမှုရှိတဲ့ သေတ္တာထဲမှာ သိမ်းတာ။ မသိမ်းခင်မှာ စာကိုအမှတ်စဉ်တပ်၊ မှတ်ပုံတင်၊ လက်မှတ်ထိုး စတာ တွေကို လုပ်ရသေးတာ။ အခုထုတ်ပြလာတဲ့စာမှာ အမှတ်စဉ်တပ်မထားတာ ကို သတိပြုမိကြမယ် ထင်ပါရဲ့။ ဒေါင့်မစေ့လိုက်စေခြင်းလို့ပဲ ပြောရမှာပဲ။ နောက်ဆုံး လက်မှတ်ကိစ္စတွေကို ပြောချင်တယ်။
တိုင်းမှုးရဲ့ကိုယ်စားလက်မှတ်ထိုးသူက ဒုမှူးကြီးဆိုတာပါတော့ ဂျီဝမ်း ပေါ့လေ။ လက်မှတ်ထိုးတဲ့ ရက်စွဲကို သေချာကြည့် ။ ၂၁ လိုလို ၂၈ လိုလိုနဲ့ လုံးချထားတာ။ ထိပ်တန်းလျှို့ဝှက်အဆင့်စာရဲ့ ရက်စွဲကို လက်မှတ်ထိုးသူကိုယ်တိုင်က တပ်ရတယ်။ ကိုယ်တိုင်တပ်ရတဲ့စာအမှတ်က ရက်စွဲနဲ့လက်မှတ်ထိုးတဲ့ရက်ဟာ တစ်ထပ်တည်း ကျနေရတယ်။ လွဲလိုက်လေခြင်း မင်းဒင်ရယ်။ ထိပ်တန်းလျှို့ဝှက်ကို ငွေချေးစာချုပ် လက်မှတ်ထိုးသလောက် လွယ်တယ်ထင်နေသလားကွာ။ အောက်ကရုံးအုပ်က မျဉ်းတိုလေးနဲ့ဘာမှန်းမသိတဲ့စာလေးနဲ့ဆိုတော့ ပိုဆိုးပါရဲ့။ ရုံးအုပ်က ထိပ်တန်းလျှို့ ဝှက်ကို လက်မှတ်ထိုးဖို့အသာထား ဖတ်ခွင့်တောင်မရှိဘူးဟ။
နောက်ဆုံးတစ်ချက် ပူးတွဲပါကိစ္စ။ အမည်စာရင်း ဆိုပါတော့။ နောက်ကပူးတွဲပါစာမှာတော့ အမည်စာရင်း ကမပါ။ အဲသလောက်တောင် လွဲရလေသလား မင်းဒင်ရယ်။ ထိပ်တန်းလျှို့ဝှက် အဆင့် တပ်ထားပြီး အမည်မပါ ဖွဲ့စည်းပုံမပါတာကြီး တွဲပြမှတော့ လွဲလိုက်သမှ ဟိုဘက်ကမ်းထိလို့ ဆိုရပေမပေါ့။ ကဲပါလေ… မင်းဒင်ဆိုတဲ့ သူကောင့်သားကို ပြောလိုက်ကြစမ်းပါဗျာ။
တပ်မတော်ဆိုတာ သူတို့အမေလို အခုတမျိုးပြော ခဏနေတစ်မျိုးလုပ်လို့ရတဲ့ နေရာမဟုတ်ဘူး။ ရုံးကိစ္စအဝဝအတွက် ဦးစီးတာဝန် ဆိုတဲ့ စာအုပ်နဲ့ တစ်ပုံစံ၊ တသတ်မတ်တည်း စနစ်တကျလိုက်နာနေရ တဲ့အဖွဲ့ အစည်းကြီးဖြစ်ကြောင်း ပြောလိုက်စမ်းပါဗျာ။ နောက်ပြီး တပ်မတော်ဆိုတာ အမျိုးသားနိူင်ငံရေးကိုသာ ဦးထိပ်ထားလို့ ပါတီနိုင်ငံရေးဆိုတာ ကင်းရှင်းကြောင်းကို ပါ ပြောလိုက်စေချင်ပါရဲ့ဗျာ။ ကျေးဇူးပါဗျို့ …..
- ZAWGYI VERSION
Post a Comment