Header Ads




မူလလက်ရင်း Myanmar Daily Star ၏ စာမျက်နှာဖြစ်ပါသည်။

ရုရှားက ကိုဗစ်ကုသဆေး Avifavir ကို နောက်ထပ် ၁၇ နိုင်ငံသို့ ရောင်းချပေးမည်

ရုရှားရဲ့ လွတ်လပ်စွာ အုပ်ချုပ်စီမံပိုင်ခွင့်ရှိ ရန်ပုံငွေအဖွဲ့အစည်းနဲ့ ယင်းရဲ့ လုပ်ဖော်ကိုင်ဖက် Chemrar ဆေးဝါးကုမ္ပဏီကြီးတို့က COVID-19 ကုသဆေးဝါး Avifavir ကို နောက်ထပ် နိုင်ငံ ၁၇ နိုင်ငံသို့ ရောင်းချပေးသွားမယ်လို့ ရန်ပုံငွေအဖွဲ့အစည်းက ကြာသပတေးနေ့(စက်တင်ဘာ ၂၄) မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်နိုင်ငံက ထုတ်လုပ်ပြီး ဗိုင်းရပ်စ် တိုက်ဖျက်ကုသမှုများအတွက် ကျယ်ပြန့်စွာ အသုံးပြုတဲ့ Favipiravir ဆေးအပေါ် အခြေခံဖန်တီးထားသော Avifavir ဆေးကို ရုရှားကျန်းမာရေးဝန်ကြီးဌာနက မေလမှာ ခွင့်ပြုချက်ပေးခဲ့တာဖြစ်ပါတယ်။ ရုရှားနဲ့ ဂျပန်နိုင်ငံတို့မှာ လက်တွေ့စမ်းသပ်ခဲ့မှုတွေအရ ယင်းဆေးဝါးဟာ အာနိသင်ထိရောက်မှုရှိတယ်လို့ အတည်ပြုထားခဲ့ကြောင်း ရုရှား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေအဖွဲ့(RDIF) က ပြောဆိုပါတယ်။
ရုရှားဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ယှဉ်ပြိုင်မှုမှာ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူဖြစ်လာလို့ အပြင်းအထန်ကြိုးစားနေပါတယ်။ ရုရှားရဲ့ COVID-19 စမ်းသပ်ကာကွယ်ဆေးတွေကို ပြည်ပသို့ တင်ပို့ပြီးဖြစ်ကာ ၎င်းတို့ရဲ့ Sputnik-V ကာကွယ်ဆေးအတွက် နိုင်ငံတကာသဘောတူစာချုပ်အများအပြား ချုပ်ဆိုထားပြီးဖြစ်ပါတယ်။ Avifavir ဆေးကို ယခင်က ဘီလာရုစ်၊ ဘိုလီးဗီးယား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာ့ခ်မင်နစ္စတန်နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတွေကို ပေးပို့ထားပြီးဖြစ်ပါတယ်။ ယခုအခါ ယင်းဆေးတွေကို အာဂျင်တီးနား၊ ဘူးဂေးရီးယား၊ ဘရာဇီး၊ ချီလီ၊ ကိုလံဘီယာ၊ အီကွေဒေါ၊ အယ်ဆာဗေးဒိုး၊ ဟွန်ဒူရပ်စ်၊ ကူဝိတ်၊ ပနားမား၊ ပါရာဂွေး၊ ဆော်ဒီအာရေဗျ၊ ဆာဗီးယား၊ ဆလိုဗက်ကီးယား၊ တောင်အာဖရိက၊ ယူအေအီးနဲ့ ဥရုဂွေးနိုင်ငံတွေကို ထပ်မံ ပေးပို့သွားမှာဖြစ်ကြောင်း RDIF က ပြောဆိုပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း R-Pharm ကုမ္ပဏီရဲ့ ကိုရိုနာဗိုင်းရပ်စ် ကုသဆေးကို ခွင့်ပြုချက်ပေးထားခဲ့ပြီး ယင်းဆေးဟာ ရောဂါလက္ခဏာ အလယ်အလတ်နဲ့ အားပျော့တဲ့ လူနာတွေကို ကုသပေးတဲ့ဆေးဖြစ်ပါတယ်။ Favipiravir အခြေပြု ဆေးဝါးတွေဟာ အခြား ကိုဗစ်ကုသဆေးတစ်ခုဖြစ်တဲ့ remdesivir ဆေးဝါးထက် သုံးဆကနေ လေးဆလောက်အထိ ဈေးနှုန်းသက်သာကြောင်း RDIF က ပြောဆိုပါတယ်။ CNA
  • Zawgyi Version
႐ုရွားရဲ႕ လြတ္လပ္စြာ အုပ္ခ်ဳပ္စီမံပိုင္ခြင့္ရွိ ရန္ပုံေငြအဖြဲ႕အစည္းနဲ႔ ယင္းရဲ႕ လုပ္ေဖာ္ကိုင္ဖက္ Chemrar ေဆးဝါးကုမၸဏီႀကီးတို႔က COVID-19 ကုသေဆးဝါး Avifavir ကို ေနာက္ထပ္ ႏိုင္ငံ ၁၇ ႏိုင္ငံသို႔ ေရာင္းခ်ေပးသြားမယ္လို႔ ရန္ပုံေငြအဖြဲ႕အစည္းက ၾကာသပေတးေန႔(စက္တင္ဘာ ၂၄) မွာ ထုတ္ျပန္ခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံက ထုတ္လုပ္ၿပီး ဗိုင္းရပ္စ္ တိုက္ဖ်က္ကုသမႈမ်ားအတြက္ က်ယ္ျပန႔္စြာ အသုံးျပဳတဲ့ Favipiravir ေဆးအေပၚ အေျခခံဖန္တီးထားေသာ Avifavir ေဆးကို ႐ုရွားက်န္းမာေရးဝန္ႀကီးဌာနက ေမလမွာ ခြင့္ျပဳခ်က္ေပးခဲ့တာျဖစ္ပါတယ္။ ႐ုရွားနဲ႔ ဂ်ပန္ႏိုင္ငံတို႔မွာ လက္ေတြ႕စမ္းသပ္ခဲ့မႈေတြအရ ယင္းေဆးဝါးဟာ အာနိသင္ထိေရာက္မႈရွိတယ္လို႔ အတည္ျပဳထားခဲ့ေၾကာင္း ႐ုရွား တိုက္႐ိုက္ရင္းႏွီးျမဳပ္ႏွံမႈ ရန္ပုံေငြအဖြဲ႕(RDIF) က ေျပာဆိုပါတယ္။
႐ုရွားဟာ ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရး ယွဥ္ၿပိဳင္မႈမွာ ကမာၻလုံးဆိုင္ရာ ဦးေဆာင္သူျဖစ္လာလို႔ အျပင္းအထန္ႀကိဳးစားေနပါတယ္။ ႐ုရွားရဲ႕ COVID-19 စမ္းသပ္ကာကြယ္ေဆးေတြကို ျပည္ပသို႔ တင္ပို႔ၿပီးျဖစ္ကာ ၎တို႔ရဲ႕ Sputnik-V ကာကြယ္ေဆးအတြက္ ႏိုင္ငံတကာသေဘာတူစာခ်ဳပ္အမ်ားအျပား ခ်ဳပ္ဆိုထားၿပီးျဖစ္ပါတယ္။ Avifavir ေဆးကို ယခင္က ဘီလာ႐ုစ္၊ ဘိုလီးဗီးယား၊ ကာဇက္စတန္၊ ကာဂ်စၥတန္၊ တာ့ခ္မင္နစၥတန္နဲ႔ ဥဇဘက္ကစၥတန္ႏိုင္ငံေတြကို ေပးပို႔ထားၿပီးျဖစ္ပါတယ္။ ယခုအခါ ယင္းေဆးေတြကို အာဂ်င္တီးနား၊ ဘူးေဂးရီးယား၊ ဘရာဇီး၊ ခ်ီလီ၊ ကိုလံဘီယာ၊ အီေကြေဒါ၊ အယ္ဆာေဗးဒိုး၊ ဟြန္ဒူရပ္စ္၊ ကူဝိတ္၊ ပနားမား၊ ပါရာေဂြး၊ ေဆာ္ဒီအာေရဗ်၊ ဆာဗီးယား၊ ဆလိုဗက္ကီးယား၊ ေတာင္အာဖရိက၊ ယူေအအီးနဲ႔ ဥ႐ုေဂြးႏိုင္ငံေတြကို ထပ္မံ ေပးပို႔သြားမွာျဖစ္ေၾကာင္း RDIF က ေျပာဆိုပါတယ္။ ႐ုရွားဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ကလည္း R-Pharm ကုမၸဏီရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ ကုသေဆးကို ခြင့္ျပဳခ်က္ေပးထားခဲ့ၿပီး ယင္းေဆးဟာ ေရာဂါလကၡဏာ အလယ္အလတ္နဲ႔ အားေပ်ာ့တဲ့ လူနာေတြကို ကုသေပးတဲ့ေဆးျဖစ္ပါတယ္။ Favipiravir အေျချပဳ ေဆးဝါးေတြဟာ အျခား ကိုဗစ္ကုသေဆးတစ္ခုျဖစ္တဲ့ remdesivir ေဆးဝါးထက္ သုံးဆကေန ေလးဆေလာက္အထိ ေဈးႏႈန္းသက္သာေၾကာင္း RDIF က ေျပာဆိုပါတယ္။ CNA

No comments

ေ၀ဖန္အႀကံျပဳခ်က္မ်ားနဲ႔ လူႀကီးမင္းတို႔ရဲ႕ ထင္ျမင္ခ်က္မ်ားအတြက္ ေက်းဇူးတင္ပါသည္။