စစ်ဘက်ဆိုင်ရာအရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးပြုရန်လိုအပ်
စစ်ဘက်ဆိုင်ရာအရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးပြုရန်လိုအပ်
================================================
COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါသည် လူသားမျိုးနွယ်စုအားလုံးကို ကြီးမားစွာခြိမ်းခြောက်လျက်ရှိသည့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုဖြစ်သည့်အတွက် နိုင်ငံအလိုက် ထိရောက်သော နည်းလမ်းများ အသုံးပြု၍ တားဆီးကာကွယ်ခြင်းသာမက ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို ထိထိရောက်ရောက်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်သည်။ ထိုသို့ဖြေရှင်းရာတွင် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်များဖြင့်လည်း ထိထိရောက်ရောက် အသုံးပြုရန် လိုအပ်မည်ဖြစ်သည်။
ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အလိုက် COVID-19 ကမ္ဘာလုံး ဆိုင်ရာကပ်ရောဂါကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်းများ၏ အတွေ့အကြုံများ၊ အောင်မြင်ခဲ့သည့်နည်းလမ်းများ၊ အားသားချက်၊ အားနည်းချက်များအား အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်မျှဝေခြင်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။
(တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
(၁၇)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး ဆွေးနွေးမှုမှ ကောက်နုတ်ချက်)
- Zawgyi Version
Post a Comment