ငါလိုချင်တာ ဒီလို စစ်သားမျိုးကွ
ဒီနေ့တော့ ရုံးပိတ်ရက်ပီပီ အိမ်မှာပဲနေရင်း FB သုံးဖြစ်တယ်။ ကြည့်မိတဲ့သတင်းတွေက မနည်းပါဘူး။ အင်းစိန်ရွာမကျောင်းတိုက် ကိုယ်တော်တွေ Covid ရောဂါ ကူးစက်ခံရတဲ့ အကြောင်းသတင်းကို ဖတ်မိတော့ စိတ်ထဲမကောင်းတာအမှန်ပဲ။ ဆရာတော် ဘုရားတွေရောဂါ ကူးစက်လို့ စိတ်မကောင်းတာအပြင် ငရဲကိုဘယ်ဈေးနဲ့ဖြစ် ဖြစ် သွားပါရစေ လုပ်နေတဲ့ လဒပါတီတံဆိပ်တပ်ထားသူတွေရဲ့ Comment တွေကြောင့်ဖြစ်ရ တာ။ အမတ်လောင်းဆိုသူရဲ့ Comment လဲတွေ့မိရဲ့။ နေ့လယ်မှာတပ်က လုပ်တဲ့သတင်းစာရှင်းလင်းပွဲကြည့်ဖြစ်တယ်။
တပ်အကြောင်းသိပ်စိတ်မဝင် စားပေမဲ့ ပြောသွားတဲ့အထဲမှာ ရဟန်းသံဃာ တော်တွေနဲ့ ပတ်သက်တဲ့ ကိစ္စမှာတော့ ကိုယ်တွေသိပ်ကိုကြည်နူးမိတာအမှန်။ ဆရာတော်တွေအတွက်၊ ပြည်သူတွေအတွက် သူတို့ကူညီနေတဲ့သတင်းအထိ သာမန်ကြည်နူးယုံ၊ ကျေးဇူးတင်ယုံထက် မပိုတာတော့ကိုယ်ဟာကိုယ်သိတယ်။ ထင်မှတ်မထား တာက ဆုတောင်းစကားပါလာတာ။
မီဒီယာတွေကို ပြောနေရင်းနဲ့ တပည့်တော်တို့လို့ အစချီလာတော့ ဆရာသမားစစ်ဗိုလ်ကြီး တော့မှားပြောပြီ ထင်တာပေါ့လေ။ မဟုတ်ခဲ့ဘူးပဲ။ တပည့်တော်တို့နဲ့အစချီပြီး တပ်မတော် ကြည်း၊ရေ၊လေ မိသားစုတွေအနေနဲ့ ဆရာတော်သံဃာတော်တွေ အတွက် အမြန်ပြန်ကျန်းမာလာဖို့၊ သာသနာ့အကျိုးကို ပြန်လည်ဆောင်ရွက်နိုင်ဖို့၊ ဆရာတော်တွေရဲ့ သီလ၊ သမာဓိ အစွမ်းနဲ့ ပြန်လည်ကျန်းမာလာပါစေ ကြောင်း ဆုတောင်းပေးတာ။
ဒါနဲ့တင်မရပ်သေးဘူးပဲ။ ဆရာသမားက ရဟန်း တွေကို ဂျီကျလိုက်သေးတာပေါ့။ တိုင်းပြည်က လူထုတွေအတွက် ရောဂါ ကပ်ဆိုးကနေလွတ်မြောက်စေဖို့ မေတ္တာပို့တာလဲလုပ်ပေးပါဦးဘုရားလို့ လျှောက်တာ။ အဆုံးသတ်စကားအပြီးမှာ လက်အုပ်ချီတယ်။ ချစ်လိုက်တာ လေ။ စစ်သားကြီးတွေရဲ့ မေတ္တာကပြည့်စုံပေါ်လွင်နေတယ်မဟုတ်လား။ ရဟန်းသံဃာတင်မက ပြည်သူအတွက်ပါ ရှေ့ရှုသွားတာ။ ငါလိုချင်တာဒီလို ဗိုလ်ကြီးမျိုးပေါ့။ တပ်ကသတင်းပေးတဲ့ဆုတောင်းပြည့်ဝစွာရမယ်လို့လဲ ယုံကြည်ပါရဲ့။
အဲဒိအပိုင်းလေးကိုကြည့်ပြီး ကိုယ်တွေသတင်းစာရှင်းပွဲဆက် မကြည့်ဖြစ်ဘူး။ ကြည်နူးနေတာ။ ဝမ်းသာနေတာ။ အနီ၊ အစိမ်း၊ အဝါတစ်ခုမှ မခွဲတဲ့ တပ်ရဲ့စေတနာပေါ်နေတယ်မဟုတ်လား။ ဒီနေ့အဖြေက တပ်မတော် သည် အမျိုးသားရေးအတွက်ဆိုရင် ရှေ့ဆုံးကရှိတယ်ဆိုတာ အပြည့်အဝယုံ တယ်။ ဒါပဲ။
PS. ကြည်နူးမိတဲ့အပိုင်းလေးကို ဖြတ်ပြီးတင်လိုက်တယ်။ ကြည်နူးမိတဲ့အပိုင်းပေါ့လေ။
Credit: ကျော်မျိုးဆွေ
Post a Comment