Header Ads




မူလလက်ရင်း Myanmar Daily Star ၏ စာမျက်နှာဖြစ်ပါသည်။

ပက်စ်ပို့စ်လုပ်မည်ဆိုပါက ၃၅၀၀၀ သာယူခဲ့ပါ ဘာမှနားမယောင်ပါနဲ့

Passport လုပ်မည်ဆိုပါက ကိုယ်တိုင်ဆောင်ရွက်ခြင်းသည် အမှားမရှိခြင်း၊ စိတ်တိုင်းကျဖြစ်ခြင်းနှင့် ပိုမိုလျှင်မြန်ပါသည်။ပထမဦးစွာ Passport လုပ်ရန် မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်း မူရင်းတို့နှင့်အတူ မိတ္တူ ၃စုံ၊ ဘောလ်ပင်၊ငွေ (၃၅,၀၀၀)ကျပ် ယူသွားပါ။ 



မိတ္တူ ၂စုံသည် ပေးရန်ဖြစ်ပြီး ၁စုံသည် အပိုဆောင်ထားရန် ဖြစ်ပါသည်။Passport ရုံးကို မနက်၈နာရီကျော်လောက်တွင်ရာက်အောင်သွားပါ။ မနက်၉နာရီလောက်တွင် Agency များမှ Passport လုပ်မည့်သူများ လာရောက် တန်းစီကြသဖြင့် တနေကုန်တတ်သည်။ မနက်၈နာရီကျော်ရောက်ပြီး ရုံးအတွင်း ဝင်ခွင့်ရချိန်တွင် အပေါက်ဝရှိ ရဲဝန်ထမ်းအား Passport လုပ်ချင်သည်ပြောပါ။ထိုဝန်ထမ်းမှ လိုအပ်သည်များ စစ်ဆေးပေးပြီး ဝင်ခွင့်ပြုပါလိမ့်မည်။ ပွဲစားများမှ Token ဝေမည်။ ဒီဘက်မှာ လာစောင့်ပါ။ ပြောပြီး ခေါ်သွားသည်ကို နားမယောင်ပါနှင့်။ 

No comments

ဝေဖန်အကြံပြုချက်များနဲ့ လူကြီးမင်းတို့ရဲ့ ထင်မြင်ချက်များအတွက် ကျေးဇူးတင်ပါသည်။