Header Ads




မူလလက်ရင်း Myanmar Daily Star ၏ စာမျက်နှာဖြစ်ပါသည်။

ကျောက်တော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများနှင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ထိတွေ့မှုဖြစ်ပွား၊ လေ့ကျင့်ရေးစခန်းတစ်ခုအားသိမ်းပိုက်ရရှိ

ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း နယ္ေျမလံုၿခံဳေရး ေဆာင္ရြက္ေနေသာ တပ္မေတာ္စစ္ေၾကာင္းမ်ားႏွင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ ထိေတြ႕မႈျဖစ္ပြား၊ ေလ့က်င့္ေရးစခန္းတစ္ခုအားသိမ္းပိုက္ရရွိ

ေနျပည္ေတာ္ ေဖေဖာ္၀ါရီ ၂၆

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕ႏွင့္ ေျမာက္ဦးၿမိဳ႕ ဆက္သြယ္ထားေသာ ကားလမ္း၏ အေရွ႕ဘက္ျခမ္းရွိ ေတာင္ကုန္းမ်ားတြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မွ အင္အား ၁၀၀ ဦးခန္႔ သည္ ေလ့က်င့္ေရးစခန္းဖြင့္လွစ္ရန္ႏွင့္ အေျခခံနယ္ေျမတည္ေဆာက္ရန္ေရာက္ရွိေနၿပီး အမ်ား ျပည္သူအသံုးျပဳလ်က္ရွိေသာ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားကို ေႏွာင့္ယွက္ဖ်က္ဆီးျခင္း၊ မုိင္းေထာင္မုိင္းခြဲျခင္းႏွင့္ ပတ္၀န္းက်င္ေက်းရြာမ်ားရွိ ေဒသခံျပည္သူမ်ားအား အတင္းအဓမၼလူသစ္ စုေဆာင္းျခင္းမ်ားျပဳလုပ္လ်က္ရွိေၾကာင္း AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားကို မလိုလားသူ ျပည္သူမ်ား၏ သတင္းေပးပို႔မႈအရ တပ္မေတာ္စစ္ေၾကာင္းမ်ားသည္ ေက်ာက္ေတာ္ၿမိဳ႕ႏွင့္ ေျမာက္ဦးၿမိဳ႕နယ္အတြင္း နယ္ေျမလံုၿခံဳေရးလုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့သည္။

ထုိသို႔ေဆာင္ရြက္ခဲ့ရာ ေဖေဖာ္၀ါရီ ၁၉ ရက္တြင္ ထိေတြ႕မႈျဖစ္ပြားခဲ့ၿပီး ဆုတ္ခြာသြားခဲ့ေသာ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားေနာက္သို႔ တပ္မေတာ္စစ္ေၾကာင္းမ်ားက အေသးစိတ္လိုက္လံ ရွင္းလင္းခဲ့ရာ ေဖေဖာ္၀ါရီ ၂၀ ရက္မွ ယေန႔အထိ ထိေတြ႕မႈရွစ္ႀကိမ္ျဖစ္ပြားခဲ့ကာ ၎တို႔သင္တန္း ေက်ာင္းဖြင့္လွစ္ရန္ ရည္ရြယ္ထားေသာေလ့က်င့္ေရးစခန္းတစ္ခုအား သိမ္းပိုက္ရရွိခဲ့ၿပီး AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားသည္ ျဖစ္စဥ္ျဖစ္ပြားရာေနရာ၏ အေရွ႕ဘက္ႏွင့္ေတာင္ဘက္သို႔ ထြက္ေျပးတိမ္းေရွာင္သြားသျဖင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားက ထက္ၾကပ္လုိက္လံရွင္းလင္းလ်က္ ရွိသည္။

ျဖစ္စဥ္မ်ားတြင္ မိမိဘက္မွ စစ္သည္အခ်ဳိ႕က်ဆံုး၊ ဒဏ္ရာရရွိခဲ့ၿပီး AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕ထံမွ အေလာင္းေလးေလာင္း၊ လက္နက္မ်ဳိးစံု ေလးလက္၊ ခဲယမ္းႏွင့္ ဆက္စပ္ ပစၥည္းမ်ား၊ ေလ့က်င့္ေရးအသံုးအေဆာင္ပစၥည္းမ်ား၊ အရက္စည္ခုနစ္ပံုး၊ လမ္းေလွ်ာက္စကား ေျပာစက္အား သြင္းခံုမ်ား၊ မုိင္းျပဳလုပ္ရာတြင္ အသံုးျပဳသည့္ ကြန္က်ဴးပိုက္မ်ား၊ ေကာ္ဘူးမ်ား၊ ၀ါးနင္းခလုတ္မ်ား၊ ယမ္းစိမ္းပံုးမ်ား၊ ဓာတ္ေျမၾသဇာမ်ားႏွင့္ တပ္မေတာ္အရာရွိ၊ စစ္သည္ အဆင့္တံဆိပ္မ်ား၊ AA အၾကမ္းဖက္ေသာင္းက်န္းသူ လက္ေမာင္းတံဆိပ္မ်ားကုိ သိမ္းဆည္းရရွိခဲ့ ေၾကာင္းႏွင့္ ရခိုင္ျပည္နယ္အတြင္း တရားဥပေဒစိုးမုိးေရး၊ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးအတြက္ တပ္မေတာ္စစ္ေၾကာင္းမ်ားက ေသာင္းက်န္းသူႏွိမ္နင္းေရးစစ္ဆင္ေရးအား ဆက္လက္ေဆာင္ရြက္ လ်က္ရွိေၾကာင္းသတင္းရရွိသည္။

(Unicode Version)

ကျောက်တော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများနှင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ထိတွေ့မှုဖြစ်ပွား၊ လေ့ကျင့်ရေးစခန်းတစ်ခုအားသိမ်းပိုက်ရရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့ ဆက်သွယ်ထားသော ကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းများတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အင်အား ၁၀၀ ဦးခန့် သည် လေ့ကျင့်ရေးစခန်းဖွင့်လှစ်ရန်နှင့် အခြေခံနယ်မြေတည်ဆောက်ရန်ရောက်ရှိနေပြီး အများ ပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ မိုင်းထောင်မိုင်းခွဲခြင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား အတင်းအဓမ္မလူသစ် စုဆောင်းခြင်းများပြုလုပ်လျက်ရှိကြောင်း AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များကို မလိုလားသူ ပြည်သူများ၏ သတင်းပေးပို့မှုအရ တပ်မတော်စစ်ကြောင်းများသည် ကျောက်တော်မြို့နှင့် မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက်တွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဆုတ်ခွာသွားခဲ့သော AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များနောက်သို့ တပ်မတော်စစ်ကြောင်းများက အသေးစိတ်လိုက်လံ ရှင်းလင်းခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်မှ ယနေ့အထိ ထိတွေ့မှုရှစ်ကြိမ်ဖြစ်ပွားခဲ့ကာ ၎င်းတို့သင်တန်း ကျောင်းဖွင့်လှစ်ရန် ရည်ရွယ်ထားသောလေ့ကျင့်ရေးစခန်းတစ်ခုအား သိမ်းပိုက်ရရှိခဲ့ပြီး AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဖြစ်စဉ်ဖြစ်ပွားရာနေရာ၏ အရှေ့ဘက်နှင့်တောင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် တပ်မတော်စစ်ကြောင်းများက ထက်ကြပ်လိုက်လံရှင်းလင်းလျက် ရှိသည်။

ဖြစ်စဉ်များတွင် မိမိဘက်မှ စစ်သည်အချို့ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ထံမှ အလောင်းလေးလောင်း၊ လက်နက်မျိုးစုံ လေးလက်၊ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ၊ လေ့ကျင့်ရေးအသုံးအဆောင်ပစ္စည်းများ၊ အရက်စည်ခုနစ်ပုံး၊ လမ်းလျှောက်စကား ပြောစက်အား သွင်းခုံများ၊ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ကျူးပိုက်များ၊ ကော်ဘူးများ၊ ဝါးနင်းခလုတ်များ၊ ယမ်းစိမ်းပုံးများ၊ ဓာတ်မြေသြဇာများနှင့် တပ်မတော်အရာရှိ၊ စစ်သည် အဆင့်တံဆိပ်များ၊ AA အကြမ်းဖက်သောင်းကျန်းသူ လက်မောင်းတံဆိပ်များကို သိမ်းဆည်းရရှိခဲ့ ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်စစ်ကြောင်းများက သောင်းကျန်းသူနှိမ်နင်းရေးစစ်ဆင်ရေးအား ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိသည်။

No comments

ေ၀ဖန္အႀကံျပဳခ်က္မ်ားနဲ႔ လူႀကီးမင္းတို႔ရဲ႕ ထင္ျမင္ခ်က္မ်ားအတြက္ ေက်းဇူးတင္ပါသည္။