Header Ads




မူလလက်ရင်း Myanmar Daily Star ၏ စာမျက်နှာဖြစ်ပါသည်။

တပ်မတော်စစ်ရေယာဉ်အနီး ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ချဉ်းကပ်လာသူ ၂ ဦးအား ဖမ်ဆီးရမိ

 တပ်မတော်စစ်ရေယာဉ်အနီး ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ချဉ်းကပ်လာသူ ၂ ဦးအား ဖမ်ဆီးရမိ

================

နေပြည်တော်၊ နိုဝင်ဘာ - ၄



ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စနဲကျေးရွာအနီးရှိ ရေဆိပ်ခံတံတား လုံခြုံရေးဆောင်ရွက်နေစဉ် နိုဝင်ဘာ ၄ ရက် နံနက် ၄ နာရီ၊ ၁၀ မိနစ်ခန့်တွင် မသင်္ကာဖွယ်လှေ ၂ စီးသည် စနဲချောင်းဘက်မှ ဆိပ်ခံတံတားရှိ စစ်ရေယာဉ်အနီးသို့ မျောလာသည်ကိုတွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ရပ်တန့်ရန်အော်ဟစ်တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ စစ်ရေယဉ်အနီးသို့ ဆက်လက်မျောလာသဖြင့် ခြောက်လှန့်ပစ်ခတ်တားဆီးခဲ့ရသည်။

သို့သော် အဆိုပါလှေ ၂ စီးမှာ ရပ်တန့်ခြင်းမရှိဘဲ စစ်ရေယာဉ်၏ အရှေ့မီတာ ၅၀ ခန့်အကွာအထိ ရောက်ရှိလာပြီး လှေပေါ်ပါရှိသည့်ပစ္စည်းများအား ရေထဲသို့ပစ်ချနေသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့မှ ထပ်မံပစ်ခတ်တားဆီးခဲ့ရာ လှော်ခတ်ထွက်ပြေးသွားခဲ့သည်။

အဆိုပါလှေနှစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ လှေပေါ်တွင် ဒီတိုနေတာအပါအဝင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ကျော်လှစိန်၊ ၅၀ နှစ်အားအသေဖမ်း ဆီးရမိခဲ့ပြီး လှိုင်ထွန်း၊ ၂၉ နှစ် (ဘ) ဦးကောင်းစံလှ၊ အလယ်စုစနဲကျေးရွာ၊ ကျောက်ဖြူမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများနှင့် လှေ ၂ စီးအား လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနယ်မြေခံရဲစခန်းသို့ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ Credit: တပ်မတော်သတင်းမှန်ပြန်ကြားရေး

No comments

ဝေဖန်အကြံပြုချက်များနဲ့ လူကြီးမင်းတို့ရဲ့ ထင်မြင်ချက်များအတွက် ကျေးဇူးတင်ပါသည်။