သတင်းစာရှင်းလင်းပွဲလား.? ဖောင်းထုပွဲလား ?
ဒီနေ့ သမ္မတရုံးရဲ့ သတင်းစာရှင်းလင်းပွဲကြည့်လိုက်ရတယ်။ အထူးသတင်းစာရှင်းလင်းပွဲလို့ ခေါင်းစဉ်တပ်ထားပေမဲ့
တပ်ရဲ့ ထုတ်ပြန်ကြေညာချက်အပေါ် ပြန်လည်ဖောင်းထုခြင်းအနုပညာပွဲလို့ အမည်ပေးနိုင်တာပေါ့လေ။ အမျိုးသားရင်ကြားစေ့ရေးအတွက် သိပ်ကိုအရေးပါတဲ့ သတင်းစာရှင်းလင်းပွဲပါပဲ။
တပ်က ဝန်ထမ်းအဖွဲ့အစည်းမို့ နိုင်ငံရေးမှာ ဝင်ပါခြင်းဟာ ခြေဥနဲ့ မကိုက်ဘူးလို့ ဆိုတာလဲ ကြားမိရဲ့။
ခြေဥနဲ့ကိုင်ပြောတော့ ကိုယ်လဲ ခြေဥနဲ့ပဲ ကိုင်ပြောကြည့်ချင်တယ်။
ပုဒ်မ ၂၀ (င) အရဆိုရင် တို့တာဝန်အရေးသုံးပါးကို ကာကွယ်၊စောင့်ရှောက်ဖို့ တပ်မတော်က အဓိက တာဝန်ရှိတယ်လို့ ဆိုတယ်။ လက်ရှိအခင်းအကျင်းက တို့တာဝန်အရေးသုံးပါးကို သွယ်ဝိုက်ပြီး ထိခိုက်နိုင်တယ်။
ဒါ့ကြောင့်ကာကွယ်စောင့်ရှောက်တာပါလို့ ဖြေရင် ဘယ်လိုပြန်ပြောမလဲ သိချင်ရဲ့။
၂၀ (စ) အရတော့ အများသိတဲ့ ခြေဥကို တပ်မတော်က ကာကွယ်စောင့်ရှောက်ရမယ်တဲ့။
အပေါ်က စာထက်ပိုလေးနက်တယ်မဟုတ်ဘူးလား။ ဒါဆိုတာဝန်ရှိတာ ပုံပေါ်မယ်ထင်ပါရဲ့။
၂၆ (က) အရ ဝန်ထမ်းဟာ ပါတီနိုင်ငံရေးကင်းရှင်းရမည်လို့ပါတယ်။
တပ်ကအခု ရွေးကော်ကို ကြေညာချက်ထုတ်တာဟာ ပါတီနိုင်ငံရေးလား။ ဘယ်ပါတီကို မဲပေးပါ။
ဘယ်ပါတီကို မဲမပေးပါနဲ့လို့ ပါနေလို့လား။ ရွေးကော်ကို ဘယ်သူကမှ ကြေညာချက်မထုတ်ရ၊ မကန့်ကွက်ရလို့ ခြေဥမှာများ ထည့်ပြထားသလား။ ပုဒ်မ ၂၀( င ) ပါ ကာကွယ်စောင့်ရှောက်ရန်ဆိုသည့်စကားရပ်ကို အထောက်အထားပြု၍
ထုတ်ပြန်သည်လို့ တပ်ကပြန်ပြောရင် ဘယ်လိုဖြေမလဲ။ ပိုပြီးတိကျတဲ့ပုဒ်မ ရှိသေးတယ်။
အဲဒါက ပုဒ်မ ၄၀( ခ) နဲ့ (ဂ) ။ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ရယူဖို့ သောင်းကျန်းထကြွတာ၊
ကြိုးပမ်းဆောင်ရွက်တာတွေကြောင့် တို့တာဝန်အရေးသုံးပါးကို ထိပါးမယ်ထင်ရင် တပ်ချုပ်က ခြေဥနဲ့အညီ နိုင်ငံ့အာဏာကို ရယူသုံးစွဲနိုင်တယ်တဲ့။ ကိုင်း။ ဒီအချက်တွေအရ တပ်က ပြောကြားခွင့်၊ ကြေညာချက်ထုတ်ခွင့်ဆိုတာကို ရှိ၊ မရှိ။
ဥပဒေကြောင်းအရ ညီ၊ မညီ မြင်သာပြီထင်ပါရဲ့။ တပ်ချုပ်ပြောကြားချက်နဲ့ ကြေညာချက်တွေထဲမှာ ပါတီတစ်ခုခုကို ထိပါးတာ၊ အားပေး၊အားမြှောက်ပြုတာတွေ မပါခြင်းက ပါတီနိုင်ငံရေးလုပ်နေတာမဟုတ်ဘူးလို့ မြင်သာမယ် ထင်ပါရဲ့။
ဒါကိုမှ မရဘူးလို့ ဖင်ပိတ်ငြင်းနေသေးရင် ပုဒ်မ ၃၅၄ (က) ကို ပြန်ဖတ်။
မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆို၊ ရေးသား ဖြန့်ဝေနိုင်တယ်တဲ့။
နိုင်ငံသားတစ်ယောက်ရဲ့ အခြေခံအခွင့်အရေးကို သုံးသွားတာမဟုတ်ဘူးလား။
ဒါတွေက ကိုယ်တွေလို ဘာမှမဟုတ်တဲ့ သူတောင် ထ ပြောနိုင်တဲ့အနေအထား။ ဥပဒေတတ်ကျွမ်းသူဆိုရင် ပိုတောင် ဒေါင့်စေ့ဦးမယ်။ နောက်ဆုံး ခြေဥခုံရုံးပေါ့လေ။ ပုဒ်မ ၃၉၈ အရ ခန့်ထားသူတွေပေါ့။
သူတို့ကို မည်သူကမှ ကြေညာချက်ထုတ်ခြင်း၊ ကန့်ကွက်ခြင်း မပြုရလို့ မပါဘူးမဟုတ်လား။
ဒီတော့ ပုဒ်မ ၃၅၄ (က) ကို အကိုးအကားပြု၍ ကြေညာပါသည်ဆိုတာနဲ့တင် ပြီးတယ်။
စာလဲရှည်ပါပြီ။ အဖြေက ရှင်းပါတယ်။
ပြည်သူကို အထင်သေးတဲ့စိတ်နဲ့ လိမ်ချင်တိုင်းလိမ်လည်နေတဲ့ လဒပါတီအစိုးရကျေးဇူး မူးလို့တောင် ရှုစရာ မရှိဘူး။
Credit: Win Lwin Ko
Post a Comment