Online မှာပျံ့နှံ့နေသော ယခုဖော်ပြပါဓာတ်ပုံများနှင့် ပတ်သက်ပြီး မသိသေးသောသူများ၏ အမျိုးမျိုးဝေဖန်မှုများကြောင့် ဒီစာကိုရေးတာပါ...
Online မှာပျံ့နှံ့နေသော ယခုဖော်ပြပါဓာတ်ပုံများနှင့်
ပတ်သက်ပြီး မသိသေးသောသူများ၏ အမျိုးမျိုးဝေဖန်မှုများကြောင့် ဒီစာကိုရေးတာပါ...
အမှန်က ခလရ(၂၃၈)တပ်ရဲ့ ဂိတ်ပေါက်မဟုတ်ပါဘူး...
ဒီလမ်းကို ခလရ(၂၃၈)တပ်စတည်ကတည်းက
ခလရ(၂၃၈) တပ်ကဖောက်ထားပြီး ယနေ့အထိ
တပ်ရော အရပ်ပါ အသုံးပြုနေတဲ့လမ်းဖြစ်ပါတယ်...
ဒီမုဒ်ဦးက ယခင်ကတည်းကရှိခဲ့တဲ့
မုဒ်ဦးအဟောင်းဖြစ်ပါတယ်...
ဒီလမ်းထဲမှာ ခလရ(၂၃၈)တပ် ရှိတယ်ဆိုတာကိုသိအောင် လမ်းညွှန်အဖြစ် ဆက်လက်ပြီး အသုံးပြုနေတဲ့
မုဒ်ဦးအဟောင်းဖြစ်ပါတယ်...
မုဒ်ဦးကနေ တည့်တည့်ဝင်သွားရင်
လမ်းရဲ့ဘယ်ဘက်အခြမ်းမှာ ဂေါက်ကွင်းရှိတယ်...
ပီးရင် လမ်းရဲ့အဆုံးမှာ ခလရ(၂၃၈)တပ် ရှိတယ်...
လမ်းရဲ့ ညာဘက်အခြမ်းမှာဆိုရင်
ဆက်သွယ်ရေးရုံး - အရပ်ဖက်လူနေအိမ်များ - ပြည်ခိုင်ဖြိုးပါတီရုံး - စရဖ ရှိပါတယ်...
ခလရ(၂၃၈) တပ်နဲ့ ပြည်ခိုင်ဖြိုးပါတီရုံးဟာ
မျက်နှာချင်းဆိုင်မှာရှိတယ်ဆိုတာကို
တနိုင်းမြို့မှာနေတဲ့ တနိုင်းသူ/သားအားလုံးလည်းသိသလို
တနိုင်းမြို့မှာတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများ ၊
တနိုင်းမြို့မှာနေထိုင်ဖူးသူများအားလုံးလည်း သိပါတယ်...
ပြည်ခိုင်ဖြိုးပါတီဝင်များ ပါတီရုံးမှာလူစုပြီး
ထိုလမ်းအတိုင်း မြို့ထဲသို့ချီတတ်နေကြခြင်းကို
ရိုက်ထားသော ဓာတ်ပုံများသာဖြစ်ပါတယ်...
ထင်ယောင်ထင်မှားဖြစ်စေသော ယခုပုံများနှင့်ပတ်သက်ပြီး
မသိသေးသူများ သိရှိနိုင်ပါစေရန် ရေးသားလိုက်ခြင်းဖြစ်ပါတယ်...
တကယ်သာတပ်ထဲဝင်မဲဆွယ်ခွင့်ပြုတယ်ဆိုရင်
တပ်ရင်းမှူးဒါမှမဟုတ်နောက်တန်းကအကြီးဆုံးအရာရှိ
မြွေခြောက်ကိုက်တာပဲ
ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းစွပ်တဲ့အလုပ်
ဘယ်သူမှမလုပ်ဘူးထင်တာပဲ
နောက်ပြီးတနိုင်းမှာက
အခုရွေးကောက်ပွဲမတိုင်မီ
UECမှာကန့်ကွက်လွှာတင်တာအများဆုံးက
ဘယ်ပါတီလည်းမေးကြည့်ပါ
အခုလိုသာမှန်နေရင်ဘယ်ငြိမ်နေပါ့မလဲ...
Credit: Thiha Win Htet
Post a Comment