အင်းစိန်ရွာမဆရာတော်အရှင်သူမြတ်များရဲ့ ကိုယ်တွေ့စာလွှာများကို သာဓု အနုမောဒနာခေါ်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်
အင်းစိန်ရွာမဆရာတော်အရှင်သူမြတ်များရဲ့ ကိုယ်တွေ့စာလွှာများကို
သာဓု အနုမောဒနာခေါ်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။
သံဃာတော်များအတွက် ပူပန်နေခဲ့ရသူ ဗုဒ္ဓဘာသာဝင် နိုင်ငံသားများ စိတ်အေးလို့ရပါပြီ။
ရှေ့ကရပ်နေတာ ကလေးကုသမှုပါရဂူ ဗိုလ်မှူးကြီး ဒေါ်ကေသီထွန်း အမျိူးသမီးတပ်မှူးဖြစ်ပြီး ရန်ကုန်စစ်ဆေးရုံအဖွဲ့မှ ဖြစ်ပါတယ်။
ကုသမှုအဖွဲ့ဦးစီးတဲ့ တပ်မှူးကြီးပါ။ ရန်ကုန်တိုင်း စစ်ဌာနချုပ်က အုပ်ချုပ်ထောက်ပံ့မှု ပေးတယ်။ တပ်မှူးကြီးနဲ့အဖွဲ့ ကနေ့ ညမပြတ် ပြုစုကုသစောင့်ရှောက်မှုပေးပါတယ်။
မဲမလိုအပ်တဲ့ အင်စတီကျူးရှင်းကြီးတစ်ခုရဲ့ မဲပေးခွင့်မရှိတဲ့ အင်အားစုတစ်ခုကို ပြုစုကုသမှုဟာ ရလိုမှုမပါတဲ့ စေတနာသန့်သန့်မျှသာ ဖြစ်ပါတယ်။ စေတနာသည် ကံပါပဲ။ စေတနာမှန်လို့ ကံကောင်းကြတာပါ။
သံဃာတော်များ စိတ်ဓာတ်ကြံ့ခိုင်စွာ ရောဂါဘေးကိုကျော်လွှားနိုင်ခဲ့ဖို့ အစစအရာရာ ဖြည့်ဆည်းထောက်ပံ့ပေးခဲ့တဲ့ အလှူရှင်များနဲ့ တပ်မတော် ဆေးအဖွဲ့ကို ဝမ်းမြောက်စွာ ဂုဏ်ယူရင်း သာဓု အကြိမ်ကြိမ်ခေါ်ဆိုပါတယ်။
သာသနာတော်ကြီး နေလိုလလို ထွန်းတောက်ပါစေ။ သာသနာပြု မင်းကောင်းမင်းမြတ် ပေါ်ထွန်းပါစေ။ ပြုအပ်သော ကုသိုလ်တွေကြောင့် နိုင်ငံသားများ ကျန်းမာကြပါစေ။ ကျွန်တော်တို့နေထိုင်ရာ မြန်မာနိုင်ငံကြီး ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေး၍ ငြိမ်းချမ်းသာယာ စည်ပင်ဖွံ့ဖြိုးပါစေဗျာ....
.
#ဓာတ်ပုံ_militarycovidteam
Thant Nay Soe
#crd
Post a Comment