လေ့လာမှုမရှိဘဲ မဝေဖန်ကြနဲ့ဗျာ...သိသူတွေပြောရင် အရှက်ကွဲမယ်....
“ တပ်မြို့စည်ပင်ဆိုတာ နိုင်ငံတကာမှာလည်းရှိပါတယ် ”
“တပ်မတော်ဟာ စစ်တိုက်တာအပြင် စည်ပင်အလုပ်ကိုပါလုပ်နေတာ နားမလည် နိုင်ပါဘူး။ တပ်စည်ပင်ဆိုပြီး မင်္ဂလာဒုံဈေး၊ စမ်းကြီးဝ၊ ပေါက်ကုန်း စတဲ့ရပ်ကွက်ကြီး တွေအထိ လက်ဝါးကြီးအုပ်နေကြောင်း၊ ဘာကြောင့် ရန်ကုန်စည်ပင်ဟာ တပ်စည်ပင်ရဲ့ နေရာကို လွှဲပြောင်းမယူနိုင်ရတာလဲ။ တစ်သက်လုံး ဈေးသူဈေးသားတွေဟာ တပ်စည်ပင် ဆိုတဲ့ စစ်တပ်လက်အောက်မှာ နေသွားရတော့မှာလား။ သိသူများ ဖြေပေးပါဦး” ဆိုပြီး Hlwan Wai Lwin ဆိုတဲ့ အကောင့်တစ်ခုနဲ့ ဘုမသိ၊ ဘမသိရေးထားတာကို အမှတ် မထင်ဖတ်မိလို့ လေ့လာသိရှိထားတဲ့ တပ်စည်ပင်အကြောင်းကို အနည်းငယ်မျှဝေပေး သွားလိုပါတယ်။
တကယ်တော့ တပ်မြို့စည်ပင်အကြောင်း လေ့လာမယ်ဆိုရင် နိုင်ငံတကာအသုံး တပ်နယ်(Cantonment)ဆိုတဲ့ဝေါဟာရကို ဦးစွာတွေ့ရမှာပါ။ အဲဒီဝေါဟာရဟာ Canton ဟူသော ပြင်သစ်ဘာသာစကားက ဆင်းသက်လာတာပါ။ အဲဒီစကားလုံးရဲ့အဓိပ္ပာယ်က “ခရိုင်” လို့ခေါ်ပါတယ်။ သာဓကအနေနဲ့ အိမ်နီးချင်း အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ သီးခြားဖွဲ့စည်းထားတဲ့တပ်နယ်အတွင်း စည်ပင်သာယာရေးလုပ်ငန်းတွေဆောင်ရွက်ရတဲ့ တပ်နယ်ဘုတ်အဖွဲ့(Cantonment Board) တွေ ဖွဲ့စည်းထားရှိပါတယ်။
ဆိုရရင် တပ်မြို့စည်ပင်ဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာသာ ရှိတာမဟုတ်ပါဘူး။ ကမ္ဘာ့အခြားသောနိုင်ငံတွေမှာလည်း သတ်မှတ်ထားရှိပါတယ်။ သာဓကအနေနဲ့ ဘင်္ဂလား ဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ တောင်အာဖရိက၊ စင်ကာပူ၊ မလေးရှား၊ ဂါနာ၊ သီရိလင်္ကာ နိုင်ငံတို့အပြင် အမေရိကန်နိုင်ငံမှာပင်လျှင် သတ်မှတ်ထားတာကို လေ့လာတွေ့ရှိရပါတယ်။
အဲဒီတပ်မြို့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ လုပ်ငန်းတာဝန်တွေဟာ ပြည်သူ့ကျန်းမာရေး၊ ရေရရှိရေး၊ မိလ္လာသန့်ရှင်းရေး၊ အခြေခံပညာရေးဝန်ဆောင်မှုနဲ့ လမ်းမီးရရှိရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ဆောင်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါ့အပြင် မြေယာ ထိန်းသိမ်းရေးဝန်ဆောင်မှု၊ ပန်းဥယျာဉ်များ၊ လမ်းများတိုးတက်သာယာလှပရေး စတဲ့ တာဝန်တွေကိုလည်း ဆောင်ရွက်ပေးရပါတယ်။
အလားတူ မြန်မာနိုင်ငံမှာလည်း တပ်မြို့စည်ပင်ရှိတာကြောင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ ဥပဒေ အမှတ်၊ ၃၂/၂၀၁၀ နဲ့ တပ်မြို့စည်ပင်သာယာရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။
အဲဒီဥပဒေမှာ အမည်နဲ့အဓိပ္ပာယ်ဖော်ပြချက်၊ တပ်မြို့သတ်မှတ်ခြင်းနဲ့ ဖျက်သိမ်း ခြင်း၊ တပ်မြို့စည်ပင်သာယာရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ တပ်မြို့စည်ပင်သာယာရေးအဖွဲ့ရဲ့ လုပ်ငန်းတာဝန်များ၊ တပ်မြို့ ရငွေ၊ သုံးငွေနဲ့ပစ္စည်းများ၊ အခွန်စည်းကြပ်ခြင်း၊ ကန်ထရိုက်စာချုပ်များ၊ ဈေးများ၊ သားသတ်ရုံများနဲ့လုပ်ငန်းလုပ်ကိုင်ခွင့်များ၊ ပြည်သူများ အန္တရာယ်ကင်းစေမှုနဲ့ အနှောင့်အယှက်ကင်းလွတ်စေမှုကိစ္စများ၊ အဆောက်အဦများ၊ လမ်းများ၊ စည်းရိုး၊ သစ်ပင်များနဲ့စပ်လျဉ်း၍ကြီးကြပ်ရေး၊ တပ်မြို့ကျန်းမာသန့်ရှင်းရေး၊ လုပ်ပိုင်ခွင့်များ၊ လုပ်ထုံးလုပ်နည်းများ၊ ပြစ်ဒဏ်နဲ့အယူခံခြင်းများ၊ နည်းဥပဒေနှင့် စည်းကမ်းဥပဒေများ၊ အထွေထွေဟူ၍ အခန်း(၁၄)ခန်း ပြဋ္ဌာန်းထားပါတယ်။
ဒါ့ကြောင့် တပ်မြို့စည်ပင်အဖွဲ့ဟာ Hlwan Wai Lwin ပြောသလို စည်းလွတ်၊ ဝါးလွတ်တော့လုပ်လို့မရပါဘူး။ ဥပဒေပြဋ္ဌာန်းချက်တွေအတိုင်း လုပ်ငန်းလုပ်ကိုင်ခွင့် ပြုခြင်း၊ အခွန်စည်းကြပ်ခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းတွေဆောင်ရွက်ပေးခြင်း၊ တပ်မြို့ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ခြင်း စတဲ့လုပ်ငန်းတွေကို အလေးထားဆောင်ရွက် နေတာ တွေ့ရှိရပါတယ်။
ဒီနေရာမှာ လူတစ်ဦးအနေနဲ့ မိမိကိုယ်ကျိုးစီးပွားအတွက် လုပ်ပိုင်ခွင့်နဲ့ လုပ်ငန်း လိုင်စင်မရလို့ ဒါမှမဟုတ် တာဝန်ရှိသူတွေကို အမြင်မကြည်လင်ရုံလောက်နဲ့တော့ တပ်မတော် တစ်ရပ်လုံးကို သိမ်းကျုံးစွပ်စွဲပြောဆိုတာ၊ ပြည်သူတွေနဲ့တပ်မတော်အကြား စိတ်ဝမ်း ကွဲအောင်လုပ်ဆောင်တာတွေဟာ နိုင်ငံကြီးသားမပီသတဲ့ လုပ်ရပ်အဖြစ်သာကောက်ချက် ချရမလို ဖြစ်နေပါတယ်။
ဒါ့ကြောင့် Hlwan Wai Lwin အနေနဲ့ အကြောင်းအရာတစ်ခုအပေါ် မေးခွန်း ထုတ်ဝေဖန်ရေးသားတော့မယ်ဆိုရင် အဲဒီအကြောင်းအရာကို ထဲထဲဝင်ဝင် လေ့လာပြီးမှသာ ရေးသင့်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာနဲ့ယှဉ်ထိုးလေ့လာပြီးမှသာ ပုစ္ဆာထုတ်သင့် ပါတယ်။ လူပြိန်းကြိုက်စကားလုံးတွေသုံးပြီး ဝေဝေဝါးဝါးတွေရေးနေမယ်ဆိုရင်တော့ မိမိရောသူတစ်ပါးပါ အကျိုးမရှိတဲ့အပြင် ပြည်သူတွေနဲ့တပ်မတော်အကြား သွေးကွဲ လာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတယ်လို့ပဲ ယူဆရမလိုဖြစ်နေပါတယ်။
ညီလေး Hlwan Wai Lwin ကို စေတနာနဲ့အကြံပြုချင်တာကတော့ နိုင်ငံတကာ တပ်မြို့စည်ပင်အကြောင်း ဦးစွာလေ့လာပြီးမှသာ မင်္ဂလာဒုံတပ်မြို့စည်ပင်အဖွဲ့ကို အပြု သဘောဆောင်စွာ ဝေဖန်ထောက်ပြပေးသွားပါလို့ တိုက်တွန်းချင်ပါတယ် . . . .။

Post a Comment