Header Ads




မူလလက်ရင်း Myanmar Daily Star ၏ စာမျက်နှာဖြစ်ပါသည်။

တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)အဖွဲ့မှကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး


နေပြည်တော် ဖေဖော်ဝါရီ ၂၅

တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့တို့သည် ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပေါင်းလောင်းရိပ်သာ၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားနေသော တိုက်ပွဲများလျှော့ချရေးနှင့် ပဋိပက္ခဖြစ်စဉ်များ လျှော့ချနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ လက်ရှိငြိမ်းချမ်းရေးလမ်းကြောင်းတွင် ဆက်လက်ပါဝင်နိုင်ရေးတို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြပြီး ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ စ၀်ခွန်ဆိုင် ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကာ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments

ဝေဖန်အကြံပြုချက်များနဲ့ လူကြီးမင်းတို့ရဲ့ ထင်မြင်ချက်များအတွက် ကျေးဇူးတင်ပါသည်။