နိုင်ငံ စစ်တလင်းဖြစ်နိုင်ကြောင်း ပြောကြားချက် အမေရိကန်နှင့်တရုတ် စွက်ဖက်မှုကိုဆိုလိုကြောင်း တပ်မတော်သားကိုယ်စားလှယ် ရှင်းလင်း

နိုင်ငံအတွင်း စစ်တ လင်းဖြစ်နိုင်သည်ဟု ပြောဆိုမှု သည် အမေရိကန်နှင့် တရုတ်၏ စွက်ဖက်မှုများအပေါ် ဆိုလိုခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ်မောင် မောင်က ဖေဖော်ဝါရီ ၂၃ ရက် တွင် ရှင်းလင်းသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ပြုလုပ်သော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်း စာရှင်းလင်းပွဲတွင် သတင်း ထောက်တစ်ဦးက စစ်တလင်းဖြစ် မည်ဟု ပြောဆိုခြင်း၏ အဓိပ္ပာယ် နှင့် ယင်းပြောဆိုမှုသည် ပြည်သူ လူထုအပေါ် ခြိမ်းခြောက်မှုအသွင် ဆောင်နေမည်လားဟု မေးမြန်း ရာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင် မောင်က အောက်ပါအတိုင်း ဖြေ ကြားသည်။
‘‘ကျွန်တော်တို့ ပြင်တာတွေ ကို ပါတီစွဲ၊ ဆန္ဒစွဲတွေနဲ့ ပြင်တာ တွေမှားသွားရင်၊ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်မှားသွားရင် ကျွန် တော်တို့ဟာ ဒီနိုင်ငံကြီးတွေ(အ မေရိကန်၊ တရုတ်)ရဲ့ ၀င်ရောက် စွက်ဖက်မှုတွေနဲ့အတူ အခုကမ္ဘာ မှာ သင်ခန်းစာတွေဖြစ်နေတဲ့ ဆီး ရီးယားလိုမျိုး အနောက်အုပ်စုအီး ယူက တစ်ဖက်၊ ဒီဘက်က ရုရှား တို့ ဘာတို့က တစ်ဖက်နဲ့ နိုင်ငံထဲ မှာ ကြေမွနေတဲ့သင်ခန်းစာတွေ၊ အလားတူသင်ခန်းစာတွေ အများ ကြီးရှိပါတယ်။ ဒါက လက်တွေ့ ပါ’’ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံသည် နိုင်ငံရေး ပထ၀ီအနေအထားအရ အရေး ကြီးသည့်နေရာတွင်ရှိပြီး တရုတ် နိုင်ငံ၏ စီးပွားရေးသည် အရှိန်အ ဟုန်ဖြင့် တိုးတက်နေသဖြင့် အ မေရိကန်ကို ကျော်တက်ရန် တာ ဆူနေကြောင်း ဗိုလ်မှူးချုပ်မောင် မောင်က ပြောသည်။
‘‘အလားတူပဲ သူ့ရဲ့စစ်ရေး အင်အားတွေမှာလည်း အမေရိ ကန်ကို တဖြည်းဖြည်းနဲ့ မီလာနိုင်ဖို့ သူ ကြိုးစားဆောင်ရွက်နေ တယ်။ ဒီလိုအနေအထားတွေရှိ တော့ လက်ရှိကမ္ဘာ့အင်အားကြီး နိုင်ငံ၊ တစ်ခုတည်းသော ကမ္ဘာ့ အင်အားကြီးနိုင်ငံအဖြစ် ကျန်ခဲ့တဲ့ အမေရိကန်ဟာ သူ့ကို ယှဉ်လာမယ့် တရုတ်ကို၊ ကိုယ့်ရဲ့ရန်သူဖြစ်လာမယ့် တရုတ်ကို စောစောစီးစီးကတည်းက ၀ိုင်းပတ်ပိတ်ဆို့ထိန်းချုပ်နိုင်အောင် ကြိုးစားတဲ့နေရာမှာ China Containment Policy လို့ခေါ်တဲ့ ဒီပေါ်လစီကိုဆောင်ရွက်နေတဲ့နေရာမှာ ကျွန်တော်တို့ နိုင်ငံဟာ အရေးကြီးတဲ့နေရာမှာ ရောက်နေတယ်’’ဟု ၎င်းကဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ တည်တံ့ခိုင်မြဲမှုအတွက် အရေးပါ သည့် အချက်များကို ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် အခြေ ခံမူများအဖြစ် ထည့်သွင်းရေးဆွဲ ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် မောင်မောင်က သတင်းစာရှင်း လင်းပွဲ၌ ပြောသည်။
‘‘ဒီလိုဖွဲ့စည်းပုံရဲ့ မူလအနှစ် သာရတွေ ယိုင်နဲ့မသွားအောင် ကျွန်တော်တို့က ဖွဲ့စည်းပုံပြင်တဲ့ နေရာမှာ သေသေချာချာလေးစဉ်း စားဆောင်ရွက်ဖို့လိုတယ်’’ ဟု ၎င်းကဆိုသည်။
တရုတ်နှင့် အမေရိကန်တို့ သည် စီးပွားရေးအားပြိုင်မှုသာ ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးနှင့် တိုက်ရိုက်မသက်ဆိုင် ဘဲ အရပ်သားအစိုးရများသည် အနောက်နိုင်ငံများနှင့် နီးစပ်သည့် အတွက် တရုတ်နှင့် အမေရိကန် အားပြိုင်မှုကြောင့် စစ်တလင်း ဖြစ်သွားနိုင်သည်ဟု တပ်မတော် က ရှုမြင်ပုံရကြောင်း နိုင်ငံရေး သုတေသီ ဦးတင်မောင်သန်းက သုံးသပ်သည်။
‘‘စစ်တပ်က ပြောတာနဲ့ လူထု၊ နိုင်ငံရေးပါတီတွေ နား လည်မှုကြားမှာ အဟရှိတယ်’’ဟု ၎င်းက ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပါတီတစ်စုတစ်ဖွဲ့က လိုသလိုပုံစံ ပြောင်း၍ လုပ်ဆောင်ပါက နိုင်ငံ ၏အခြေအနေ ယိုင်နဲ့နိုင်ကြောင်း နှင့် ရပ်တည်မှုမှားသွားပါက နိုင်ငံ သည် စစ်တလင်းဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင် ရေး ပူးပေါင်းကော်မတီဖွဲ့စည်း ကြောင်း အတည်ပြုခဲ့သည့် ဖေ ဖော်ဝါရီ ၁၉ ရက်တွင် တပ်မ တော်သား လွှတ်တော်ကိုယ်စား လှယ်များအစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်က ပြော ကြားခဲ့သည်။
ထို့အပြင် အခြေခံဥပဒေကို မလိမ့်တပတ်ပြင်ဆင်ရန် ကြိုးစားခြင်းက မလိုလားအပ်သောဆိုးကျိုးများ ဖြစ်လာနိုင်သည်ဟု တပ်မတော်နှင့် ပြည်ခိုင်ဖြိုးကိုယ် စားလှယ်များက ပြောခဲ့သည်။
သို့သော် ယင်းသို့ ပြောကြား မှုများသည် မှန်ကန်မှုမရှိကြောင်း နှင့် ခြိမ်းခြောက်သည့်သဘောမျိုး သက်ရောက်နေကြောင်း ဒီချုပ်ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က တုံ့ပြန်ခဲ့သည်။

Post a Comment