ဆြာၿမိဳ႕ရွိ ဆြာေခ်ာင္းေရေလွာင္တမံက်ိဳးေပါက္မႈေၾကာင့္ ေရႀကီးေရလွ်ံမႈျဖစ္ေပၚသည့္ေနရာမ်ား၌ ကူညီ ကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္
ဆြာၿမိဳ႕ရွိ ဆြာေခ်ာင္းေရေလွာင္တမံက်ိဳးေပါက္မႈေၾကာင့္ ေရႀကီးေရလွ်ံမႈျဖစ္ေပၚသည့္ေနရာမ်ား၌ ကူညီ ကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္
ေနျပည္ေတာ္ ၊ၾသဂုတ္ ၂၉
ပဲခူးတုိင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္၊ ဆြာၿမိဳ႕ရွိ ဆြာေခ်ာင္းေရေလွာင္တမံ၏ ပင္မေရပုိလႊဲတံခါး သည္ ယေန႔နံနက္ပုိင္းတြင္ က်ိဳးေပါက္မႈျဖစ္ပြားခဲ့ရာ ရန္ကုန္ - မႏၲေလးအျမန္လမ္း မုိင္္တုိင္အမွတ္ ၁၆၁ မွ ၁၆၆ ၾကား ၊ ေရတာရွည္ၿမိဳ႕နွင့္ သာဂရေက်းရြာၾကားရွိ ရန္ကုန္ မႏၱေလးကားလမ္းေဟာင္း မုိင္တုိင္အမွတ္ ၁၉၆ မွ ၂၀၄ မုိင္ၾကားတုိ႔၌ လမ္းေရေက်ာ္မႈမ်ား ျဖစ္ေပၚခဲ့ၿပီး ဆြာၿမိဳ႕အပါအ၀င္ ကုန္းႀကီးအေရွ႕ ေက်းရြာ ၊ ကုန္းအေနာက္ ေက်းရြာတုိ႔၌ ေရ၀င္နစ္ျမဳပ္မႈမ်ား ျဖစ္ေပၚလ်က္ရွိသည္။ အဆုိပါေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚလ်က္ရွိသည့္ ေနရာမ်ားသုိ႔ ေတာင္ငူတပ္နယ္ႏွင့္ ေရတာရွည္တပ္နယ္တုိ ့မွ တပ္မေတာ္သားမ်ားက သြားေရာက္၍ ေရေဘးသင့္ျပည္သူမ်ားအား လုိအပ္သည့္ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား၊ အေရးေပၚေဆးကုသမႈမ်ားႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးလ်က္ ရွိသည္။
(Unicode Version)
ဆွာမြို့ရှိ ဆွာချောင်းရေလှောင်တမံကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်သည့်နေရာများ၌ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် နေပြည်တော် ၊သြဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ရှိ ဆွာချောင်းရေလှောင်တမံ၏ ပင်မရေပိုလွှဲတံခါး သည် ယနေ့နံနက်ပိုင်းတွင် ကျိုးပေါက်မှုဖြစ်ပွားခဲ့ရာ ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၆၁ မှ ၁၆၆ ကြား ၊ ရေတာရှည်မြို့နှင့် သာဂရကျေးရွာကြားရှိ ရန်ကုန် မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၉၆ မှ ၂၀၄ မိုင်ကြားတို့၌ လမ်းရေကျော်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဆွာမြို့အပါအဝင် ကုန်းကြီးအရှေ့ ကျေးရွာ ၊ ကုန်းအနောက် ကျေးရွာတို့၌ ရေဝင်နစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည့် နေရာများသို့ တောင်ငူတပ်နယ်နှင့် ရေတာရှည်တပ်နယ်တို့မှ တပ်မတော်သားများက သွားရောက်၍ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ်ဆေးကုသမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။
Post a Comment