တရုတ်ပြည်မှာ ချမှတ်ထားတဲ့ တစ်အိမ်ထောင် ကလေးနှစ်ယောက် ကန့်သတ်ချက် ဖျက်သိမ်းဖွယ်ရှိ
တရုတ်ပြည်မှာ ချမှတ်ထားတဲ့ တစ်အိမ်ထောင် ကလေးနှစ်ယောက် ကန့်သတ်ချက် ဖျက်သိမ်းဖွယ်ရှိ တရုတ်ပြည်မှာ ကာလကြာရှည် ချမှတ်ထားခဲ့တဲ့ တစ်အိမ်ထောင် ကလေးနှစ်ယောက် ကန့်သတ်ချက်ကို ဖျက်သိမ်းဖွယ်ရှိတယ်လို့ နိုင်ငံပိုင် သတင်းစာက ဖေါ်ပြပါတယ်။ အဲဒီ ကန့်သတ်ချက် မူဝါဒ ကို အဆုံးသတ်မယ့် အဆင်မြင့်တရားရုံးရဲ့ ဥပဒေတရပ် ထွက်ပေါ်လာဖွယ် ရှိတယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။ ဒါပေမဲ့ ကလေးနှစ်ယောက်ထက်ပိုပြီး ယူခွင့်ပြုမှာလား၊ အကန့်အသတ်မရှိ ယူခွင့်ပြုမှာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။ အဲဒီ ဥပဒေမူကြမ်းကို အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီမှာ ဆွေးနွေးနေပြီး၊ ၂၀၂၀ ပြည့်နှစ်မှာ ဥပဒေသစ် ထွက်ပေါ်လာဖို့ စီစဉ်ထားပါတယ်။ ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်တဲ့ တရုတ်ပြည်မှာ ၁၉၇၉ ခုနှစ်ကစလို့ တစ်အိမ်ထောင် ကလေးတစ်ယောက်သာ ယူခွင့်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ နှစ်ယောက် ယူခွင့်ပြုခဲ့ပါတယ်။
Post a Comment