နိုင်ငံကိုရောင်းစားနေတဲ့ ဒေါ်လာစား ပြည်ပြေးများအကြောင်း
မင်္ဂလာပါ ။ ကျွန်တော်ကတော့ နော်ဝေနိုင်ငံမှာနေတဲ့ သူတစ်ယောက်ပါ။ နာမည်ကတော့ စိုးမင်းနိုင်လို့ ခေါ်ပါတယ်။ ကျွန်တော်ဟာ ဟိုးအရင်ကတည်းက NLD ပါတီကို အစဉ်အမြဲထောက်ခံခဲ့သူတစ်ဦးဖြစ်ပြီး လှုပ်ရှားမှုတွေတိုင်းမှာလည်း တက်တက်ကြွကြွပါဝင်ခဲ့သူပါ။လက်ရှိစစ်အာဏာသိမ်းမှုကိုလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ ဒီအတွက် လိုအပ်တဲ့ ဆန္ဒပြပွဲတိုင်းမှာလည်းပါခဲ့တယ်။ ဒါတွေက ကျွန်တော် အကြောင်းသိအောင် ကြိုပြောရတာပါ။ ဘာကြောင့်ပြောလဲဆိုတာ အခုပြောမယ့်အကြောင်းအရာတွေကို ဆက်ဖတ်ပေးပါ။
စစ်အသိုင်းအဝိုင်းရဲ့ ဂုတ်သွေးစုပ်မှုတွေကို ရွံ့ရှာလို့၊ အမေစုကို ယုံကြည်လို့ NLD ကို ဝန်းရံခဲ့တာပါ။ ဒါကြောင့် NLD အတွက် မဲခိုးတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း လက်မခံပါဘူး။ ဒါပေမယ့် ဒီနေ့ဒီအချိန်မှာ သိလိုက်ရတာက ကျွန်တော့်ကို အတော်လေး အံ့ဩစေပါတယ်။ အဲ့တာက ဘာလဲဆိုတော့…
စစ်အာဏာရှင်တွေက ဖိနှိပ်လို့ NLD ထောက်ခံသူအချို့ ပြည်ပပြေးကြရတာ အားလုံး အသိပါ။ ဒီအထဲမှာ ကျွန်တော်တို့ နော်ဝေကိုလည်း ရောက်လာကြပါတယ်။ရောက်လာတဲ့သူတွေနဲ့လည်း နိုင်ငံရေးလှုပ်ရှားမှုများစွာလုပ်ခဲ့တယ်။ ပြီးတော့ သိလာရတာက သူတို့က ဒီမိုကရေစီကိုမြတ်နိုးလို့၊ အမေစုနဲ့ NLD ကိုချစ်လို့ နိုင်ငံရေး လုပ်နေကြ မဟုတ်ဘူး ဆိုတာပါပဲ။ သူတို့က ပိုက်ဆံရပြီးရော ဒေါ်လာရပြီးရော၊ သက်သက်သာသာ ငွေရမယ်ဆို ယောက်ခမထန်းတော လက်ညှိုးထိုးရောင်းသလို ရောင်းချင်ကြတာပါ။
တစ်နေ့မှာ ကျွန်တော်သူတို့နဲ့ လိုက်သွားတယ်။ သူတို့ သွားတွေ့တာက OIC နိုင်ငံက ထောက်ပံ့ထားတဲ့လူတွေပါ။ တွေ့ဆုံမှု အနှစ်ချုပ်က ကျွန်တော်တို့ မြန်မာတွေက ရိုဟင်ဂျာတွေကို အတိအလင်း တောင်းပန်ရမယ်၊ ရခိုင်တွေကို ဖယ်ပြီး အဲ့နေရာကို ရိုဟင်ဂျာတွေကိုပေးရမယ်၊ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားဖြစ်တယ်ဆိုတာကို လူသိရှင်ကြား ကြေငြာပေးရမယ် ၊ အင်တာနက် စာမျက်နှာတွေကနေ တဲ့။
သွားတွေ့တဲ့လူတွေက အဲ့တောင်းဆိုချက်တွေကို သဘောတူကြတယ်။ ပြီးတော့ သူတို့ကို အဲ့ဒီအတွက် ဒေါ်လာ သန်းဂဏန်းရတယ်လို့ သိရတယ်။
ကျွန်တော် တော်တော်လေး အံ့ဩမိပါတယ်။ တစ်ခါမှတောင် မကြားဖူးတဲ့ လူမျိုးကို တိုင်းရင်းသားပေးဖို့ဆိုတာရယ်၊ တောင်းပန်ရမယ်ဆိုတာရယ်ကို လွယ်လွယ်ပဲ သဘောတူကြတယ်။ နောက်မှ မေးကြည့်တော့ လောလောဆယ် ပိုက်ဆံရဖို့ပဲလိုတယ်
ကျန်တာက ဘာဖြစ်ဖြစ်။ ငါတို့လည်း မြန်မာနိုင်ငံမှာနေတော့မှမဟုတ်ပဲ စစ်အစိုးရ ကြည့်ရှင်းလိုက်မယ် ဆိုပြီး ဟာသတောင် ပြောသွားပါသေးတယ်။
ကျွန်တော်ပြောချင်တာက ဒါဟာ စစ်အစိုးရနဲ့ NLD ပြဿနာမဟုတ်ပါဘူး။ ဒါဟာ နိုင်ငံ့အချုပ်အခြာနဲ့ မျိုးဆက်သစ်တွေအတွက် ပြဿနာပါ။ ကျွန်တော်တို့ လွယ်လွယ်ငွေရ
ပြီးရောဆိုပြီး ယောက်ခမ ထန်းတောကို လက်ညှိုးထိုးရောင်းစားသလို ရောင်းမစားသင့်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ သက်တမ်းက အလွန်းဆုံးမှ ၆၀ ဆို နောက် ၂၅ နှစ်ပဲ နေရမှာပါ။ မြန်မာနိုင်ငံနဲ့ မျိုးဆက်သစ်တွေအတွက်က အရမ်းအန္တရယ်များတယ်။
ဒီအကြောင်းလေးကို မြန်မာနိုင်ငံက PDF ညီအစ်ကိုတွေ၊ တိုက်ပွဲဝင်နေကြသူတွေကို သိစေချင်ပါတယ်။ တတ်နိုင်တဲ့သူများ ကူညီ တားဆီးပေးကြပါဦး။
Post a Comment