Header Ads




မူလလက်ရင်း Myanmar Daily Star ၏ စာမျက်နှာဖြစ်ပါသည်။

Q စင်တာတွေမှာ လိုနေတဲ့ အောက်ဆီဂျင်အိုးများကို တပ်မတော်က သွားရောက်လှူဒါန်း

 OVID-19  ရောဂါ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်အိုးများကို တပ်မတော်က သွားရောက်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၈

လူသားများ အသက်ရှင်ရပ်တည်ရေးအတွက် အောက်ဆီဂျင်သည် မရှိမဖြစ် လိုအပ်သောအရာဖြစ်သည်။ ယခုအခါ COVID-19  ရောဂါကူးစက်ပြန့်ပွားမှုသည် နေ့စဉ်တိုးပွားလျက်ရှိပြီး ၎င်းရောဂါမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်သဖြင့် ရောဂါကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ဆီဂျင်အသုံးပြုမှုသည် အဓိကအရေးပါသည့်အခန်းကဏ္ဍတစ်ခုဖြစ်လာကာ နေ့စဉ်နှင့်အမျှ အသုံးပြုမှုများပြားလာခြင်းကြောင့် အောက်ဆီဂျင်လိုအပ်မှုအခက်အခဲ ရင်ဆိုင်လာခဲ့ရသည်။ ထို့ကြောင့် COVID-19  ရောဂါကုသရေးတွင်  ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်များရှိလာပါက အောက်ဆီဂျင်အိုးများ လှူဒါန်းနိုင်ရေးအတွက် တပ်မတော်က အောက်ဆီဂျင်ထုတ်လုပ်သည့်စက်များကို ကောင်းအောင်စီစဉ်ထားရန်နှင့် အောက်ဆီဂျင်အိုးများကို တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ပို့ဆောင်လှူဒါန်းပေးနိုင်ရန်လိုအပ်ကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လမ်းညွှန်မှာကြားခဲ့သဖြင့် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီး၌ လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုး အလုံး ၅၀ ကို သွားရောက်လှူဒါန်းပေးခဲ့သည်။


ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အောင်မြင်းမိုရ် အိမ်ရာ COVID-19  ရောဂါကုသရေးဌာနမှ တာဝန်ရှိသူများက ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ အောက်ဆီဂျင်လိုအပ်လျက်ရှိကြောင်း ဆက်သွယ်လာသဖြင့် တပ်မတော် Oxygen Plant မှ ထုတ်လုပ်သော အောက်ဆီဂျင်ဖြည့်သွင်းထားသည့် အောက်ဆီဂျင်အိုး အလုံး ၅၀ ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက တပ်မတော်မော်တော်ယာဉ်များဖြင့် ညတွင်းချင်းသွားရောက်ပို့ဆောင်လှူဒါန်းပေးခဲ့ပြီး လူနာများအား စတင်ကုသပေးလျက်ရှိသည်။


အလားတူ ယနေ့တွင်လည်း သက်ဆိုင်ရာဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများက ဆက်သွယ်လာသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၅၁ လုံးအားလည်း ကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံဆိပ်ကမ်း(၁) ရိုးမ(၁)၊ ဒဂုံဆိပ်ကမ်း(၂) ရိုးမ(၂)တို့ရှိ COVID-19  ရောဂါကုသရေးဌာနများသို့ အောက်ဆီဂျင်အိုး အလုံး ၆၀ အားလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန် အထူးကုဆေးရုံ(ဝေဘာဂီ)သို့ အောက်ဆီဂျင်အိုး အလုံး ၂၀ အားလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၃၄ လုံးအားလည်းကောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက တပ်မတော် Oxygen Plant များ၌ အောက်ဆီဂျင်များဖြည့်သွင်းပြီး တပ်မတော်မော်တော်ယာဉ်များဖြင့် အသီးသီး သွားရောက်ပို့ဆောင်လှူဒါန်းကြသည်။


ထိုသို့သွားရောက်လှူဒါန်းခဲ့သော အောင်မြင်းမိုရ်အိမ်ယာရှိ COVID-19  ရောဂါ ကုသရေးဌာနတွင် ပိုးတွေ့လူနာ ၂၀၈၈ ဦး၊ ရန်ကုန်အရှေ့ပိုင်းပြည်သူ့ဆေးရုံကြီးတွင် ပိုးတွေ့ လူနာ ၁၆၁ ဦး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံဆိပ်ကမ်း(၁) ရိုးမ(၁)၊ ဒဂုံဆိပ်ကမ်း(၂) ရိုးမ(၂)တို့ရှိ COVID-19 ရောဂါကုသရေးဌာနများ၌ ပိုးတွေ့လူနာ ၂၀၀၈ ဦး၊ ရန်ကုန်အထူးကုဆေးရုံ(ဝေဘာဂီ)တွင် ပိုးတွေ့လူနာ ၉၅ ဦးနှင့် ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံကြီးတွင် ပိုးတွေ့လူနာ ၁၇၁ ဦးတို့အား လက်ခံကုသပေးလျက်ရှိကြောင်း သိရှိရသည်။

တပ်မတော်အနေဖြင့် COVID-19  ရောဂါကုသရေးဆေးရုံများ၏ အောက်ဆီဂျင်လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီဆက်လက်ဖြည့်ဆည်းလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


No comments

ဝေဖန်အကြံပြုချက်များနဲ့ လူကြီးမင်းတို့ရဲ့ ထင်မြင်ချက်များအတွက် ကျေးဇူးတင်ပါသည်။