Header Ads




မူလလက်ရင်း Myanmar Daily Star ၏ စာမျက်နှာဖြစ်ပါသည်။

ဝေးလံခက်ခဲသော ခေါင်လန်ဖူးမြို့နယ်အတွက် မဲရုံသုံးပစ္စည်းများကို တပ်မတော် က ရဟတ်ယာဉ် အသုံးပြုကာပို့ဆောင်ပေးလျက်ရှိ

 ဝေးလံခက်ခဲသော ခေါင်လန်ဖူးမြို့နယ်အတွက် မဲရုံသုံးပစ္စည်းများကို တပ်မတော် က ရဟတ်ယာဉ် အသုံးပြုကာပို့ဆောင်ပေးလျက်ရှိ

ပူတာအို၊ အောက်တိုဘာ ၁၈



ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်း ဝေးလံခက်ခဲသော ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မဲရုံသုံး ပစ္စည်းများကိုအောက်တိုဘာ(၁၈)ရက်တွင် ပူတာအိုမြို့မှခေါင်လန်ဖူးမြို့သို့ တပ်မတော်က ရဟတ်ယာဉ်အသုံးပြု ကာ ပို့ဆောင်ပေးလျက်ရှိသည်။ 

ခေါင်လန်ဖူးမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ကျေးရွာ အုပ်စု(၂၃)အုပ်စု၊မဲရုံပေါင်း(၃၆)ရုံနှင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူပေါင်း(၈၅၆၀)ဦးတို့ ဆန္ဒမဲပေးနိုင်ရေးမဲရုံသုံးပစ္စည်းများအချိန်မီဖြန့်ဝေပေးနိုင်ရန်အတွက် မဲရုံသုံး ပစ္စည်းပေါင်း(၂၅)မျိုးအနက် မဲပုံးများ၊ မဲလက်မှတ်များ၊ ကြိုတင်မဲစာအိတ်များနှင့်မဲရုံသုံးပစ္စည်းများကို ပထမ အကြိမ်အနေဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့်မဲရုံသုံးပစ္စည်းများကိုလည်း ဆက်လက်ပို့ဆောင်ပေး သွားမည်ဖြစ်သည်။ 

တပ်မတော် က ရဟတ်ယာဉ်အသုံးပြုကာ မဲရုံသုံးပစ္စည်းများအဆင်ပြေချောမွေ့စွာရောက်ရှိနိုင်ရေး အတွက် တပ်မတော်သားများနှင့်မီးသတ်တပ်ဖွဲ့၀င်များက ကူညီဆောင်ရွက်ပေးနေမှုများကို ပူတာအိုအခြေချ စစ်ဗျူဟာမှူး၊ခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင်ရဲတပ်ဖွဲ့မှူး၊ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က ကြည့်ရှုခဲ့သည်။ 

                                                                                                                      ဖုန်ကန်(ပူတာအို)

No comments

ဝေဖန်အကြံပြုချက်များနဲ့ လူကြီးမင်းတို့ရဲ့ ထင်မြင်ချက်များအတွက် ကျေးဇူးတင်ပါသည်။