မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားရေးရာ
မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားရေးရာ
တိုင်းရင်းသားကိစ္စများနဲ့ ပတ်သက်လို့ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂ မှာ တိုင်းရင်းသားများရဲ့ စာပေ၊ စကား၊ အနုပညာ၊ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်စေရေး၊ အချင်းချင်းစည်းလုံးညီညွတ်ရေး၊ လူမှုစီးပွား တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် နိုင်ငံတော်က ကူညီဆောင်ရွက်ထားရမှာတွေကို ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။
ပုဒ်မ ၄၉ အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ သတ်မှတ်ခဲ့သလို ပုဒ်မ ၅၆ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကိုလည်း သတ်မှတ်ပေးထားပါတယ်။ ဒါ့အပြင် ပုဒ်မ ၁၆၁(ခ)နဲ့ (ဂ)အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ တိုင်းရင်းသားလူမျိုးဦးရေဟာ နိုင်ငံ့လူဦးရေရဲ့ သုညဒသမတစ်ရာခိုင်နှုန်းရှိနေလျှင် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေမှာ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ပါဝင်ခွင့်ပြုထားပြီးဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ဥပဒေပြုရေးကိစ္စတွေမှာ ဒါ့ထက်ပိုပြီး ကိုယ်စားပြုပါဝင်ကြမယ်ဆိုရင် ယခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုတဲ့စနစ် ဖြစ်လာချင်တယ်ဆိုရင် ရွေးကောက်ပွဲစနစ်ပုံစံကို ယခုကျင့်သုံးနေတဲ့ပုံစံနဲ့ အချိုးကျကိုယ်စားပြုခြင်းစနစ် (Proportional Representation-PR) ကို နှိုင်းယှဉ်စဉ်းစားသင့်ကြောင်း အကြံပြုလိုပါတယ်။
(၁၉-၈-၂၀၂၀ ရက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်အမှာစကားကောက်နှုတ်ချက်)
- Zawgyi Version
Post a Comment